ဖိလစ်ပိုင်နိုင်ငံ၌ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၃၃၀၀၀ ကျော် ယာယီကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံလျက်ရှိ

 

မနီလာ   ဇန်နဝါရီ    ၃


လွန်ခဲ့သည့်      သီတင်းပတ်က ဖိလစ်ပိုင်နိုင်ငံတွင်   မိုးသည်းထန် စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ကြောင့် လူပေါင်း ၅၁ ဦး သေဆုံးခဲ့ သည့်အပြင်    လက်ရှိအချိန်အထိ လူပေါင်း ၃၃၀၀၀ ကျော်မှာ အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့ရပြီး ယာယီကယ်ဆယ် ရေး    စခန်းများ၌       ခိုလှုံလျက် ရှိနေသေးကြောင်း     ဖိလစ်ပိုင် အစိုးရက   ဇန်နဝါရီ   ၃  ရက်တွင် ပြောသည်။ 

 


အဆိုပါ   ရွှေ့ပြောင်းနေထိုင် သူများမှာ ခရစ္စမတ်အကြိုနေ့တွင် ကျွန်းစုနိုင်ငံသို့ ရိုက်ခတ်ခဲ့သော ရေကြီးရေလျှံမှုဒဏ်ကို ပြင်းထန် စွာ   ခံစားရသည့်   ဒေသငါးခုရှိ မိသားစု ၈၉၃၀ မှ အိုးအိမ်စွန့်ခွာလာကြသူများဖြစ်ကြောင်း   လူမှု ဝန်ထမ်းနှင့်  ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ပြောသည်။

 


ရေကြီး       ရေလျှံမှုကြောင့် သေဆုံးသူ   ပေါင်း  ၅၁ ဦးအထိ ရှိလာကြောင်းနှင့်     ပျောက်ဆုံး နေဆဲဖြစ်သော ၁၉ ဦးကို အာဏာ ပိုင်များက      ရှာဖွေနေဆဲဖြစ် ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့်    စီမံ ခန့်ခွဲရေး ကောင်စီက ပြောသည်။ ရေကြီးမှုကြောင့်   ဖိလစ်ပိုင်နိုင်ငံ တစ်ဝန်းရှိ ဒေသ ၁၀ ခုမှ လူပေါင်း ၆၀၀၀၀၀ နီးပါးကို ဘေးလွတ်ရာ သို့ အစိုးရက ပြောင်းရွှေ့ပေးခဲ့ရ ကြောင်း သိရသည်။ 

 


ဖိလစ်ပိုင်နိုင်ငံသည်     ကမ္ဘာ ပေါ်တွင်  သဘာဝဘေးအန္တရာယ် အခံရဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပြီး  ပျမ်းမျှအားဖြင့်   နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် တိုက်ခတ်မှု   ကြုံတွေ့ရလေ့ရှိပြီး အချို့မှာ    ပြင်းထန်ပြီး    ပျက်စီး ဆုံးရှုံးမှုများစွာကို    ဖြစ်ပေါ်စေ ကြောင်း သိရသည်။      


 ဆင်ဟွာ