
မနီလာ ဇူလိုင် ၂၇
ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်း လူဇန် ကျွန်းတွင် ဇူလိုင် ၂၆ ရက်က ပြင်းအား ၇ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်မှု ဖြစ်ပွား ကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်၏ ဖော်ပြချက် အရ သိရသည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြချက်အရ အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် လက်ရှိအချိန် အထိ ကြီးကြီးမားမား ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခြင်း မရှိသေး ကြောင်း၊ အမေရိကန်ဘူမိဗေဒ စစ်တမ်းအရ အဆိုပါငလျင်သည် ငလျင်ဗဟိုချက်အောက် ၁၀ကီလို မီတာအနက်တွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ပြီး ပြင်းထန်ကြောင်း သိရ သည်။ သို့သော်လည်း တာဝန်ရှိ သူများက ဆူနာမီအန္တရာယ် မရှိ ကြောင်း ပြောသည်။
အထပ်မြင့် အဆောက် အအုံများမှ လူများကို ဘေးလွတ် ရာသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။ အမျိုးသမီးတစ်ဦးက အဆိုပါ ငလျင်လှုပ်မှုနှင့်ပတ်သက် ပြီး အလွန်ကြောက်ဖို့ကောင်း ကြောင်း၊ လှုပ်ခတ်မှုက အမှန် တကယ် အားပြင်းကြောင်း ပြောသည်။ အဆိုပါ ငလျင်လှုပ်မှု ကြောင့် မနီလာရှိ မီးရထား စနစ်အား ရပ်ဆိုင်းထားရ ကြောင်း ဒေသတွင်း မီဒီယာက ပြောသည်။
အင်န်အိတ်ချ်ကေ