ဖိလစ်ပိုင်နိုင်ငံ၌ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ ၂၂၄၁၅ ဦးဖြင့် စံချိန်တင်မြင့်တက်


 

မနီလာ  စက်တင်ဘာ   ၆   


ဖိလစ်ပိုင်နိုင်ငံ၌ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၂၄၁၅ ဦးတိုးလာပြီး နိုင်ငံအတွင်း  ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၁၀၃၃၃၁ ဦးအထိ  ရှိလာခဲ့ကြောင်း ဖိလစ်ပိုင် ကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။  

ဖိလစ်ပိုင်နိုင်ငံ၌  ကိုဗစ်-၁၉ ကြောင့်  နောက် ထပ်  ၁၀၃ ဦး  ထပ်မံသေဆုံးကြောင်း   ဖော်ပြမှုနှင့် အတူ စုစုပေါင်း  ကိုဗစ်-၁၉ ကြောင့်သေဆုံးသူ ၃၄၃၃၇ ဦးအထိ  ရှိလာခဲ့ကြောင်းနှင့်  ဓာတ်ခွဲခန်း ရှစ်ခုက    သတင်းအချက်အလက်များပေးပို့ရန် ပျက်ကွက်ခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဖော်ပြသည်။
မြို့တော်မနီလာ၌       လေးရက်ဆက်တိုက် နေ့စဉ် ကိုဗစ်-၁၉ ကူးစက်သူ    ၂၀၀၀၀  ကျော်လွန်ခဲ့ ကြောင်း      မှတ်တမ်းတင်ခဲ့သည်။      ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုများနှင့်        သေဆုံးမှုများသည် ဖိလစ်ပိုင်နိုင်ငံ၌        ဆက်လက်မြင့်တက်လျက် ရှိကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာန    ကူးစက်  ရောဂါပြန့်ပွားခြင်းနှင့်  ကာကွယ်ခြင်းဆိုင်ရာ ဗျူရိုမှ ညွှန်ကြားရေးမှူး အလီသာဒီဂုဇ်မင်းက ပြောသည်။   
ဒယ်လ်တာ  ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးစိတ်သစ် သည် တခြား  ကိုဗစ်-၁၉ မျိုးစိတ်သစ်များကို လွှမ်းမိုး ကျော်လွန်ပြီး လျင်လျင်မြန်မြန်  ကူးစက်ပျံ့နှံ့နေ ကြောင်း ဖိလစ်ပိုင် သက်ရှိဇီဝပစ္စည်း၏ မျိုးပွားပစ္စည်း လေ့လာရေးဌာန      အမှုဆောင်ညွှန်ကြားရေးမှူး ဆင်သီယာဆယ်လိုမာက ပြောသည်။ 
ဒယ်လ်တာ ကိုဗစ်-၁၉ လျင်မြန်စွာကူးစက်ပျံ့နှံ့မှု များသည် အထူးသဖြင့်   မြို့တော်မနီလာနှင့်  အနီး ဝန်းကျင်ဒေသတွင် အများအပြားဖြစ်ပွားလျက်ရှိ သည်။ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ မြင့်တက် လာသဖြင့် ပြည်သူလူထုအနေဖြင့် ပိုပြီး ဂရုတစိုက် နေထိုင်ကြရန်နှင့် ဖိလစ်ပိုင်နိုင်ငံ၏ ကိုဗစ်-၁၉ အခြေ အနေနှင့် ကျန်းမာရေးစနစ်သည်  အန္တရာယ်ရှိသော အခြေအနေတွင် ကျရောက်လျက်ရှိကြောင်း   ကျန်းမာ ရေးဝန်ကြီးဌာနအကြီးအကဲ     မာရီယာရိုဆာရီ ယိုဗာဂျီရီက တိုက်တွန်းပြောကြားလိုက်သည်။
ကိုဗစ်-၁၉ ကူးစက်မှုမြင့်နေသည့်တိုင် အစိုးရ သည် မြို့တော်မနီလာရှိ ကန့်သတ်ပိတ်ဆို့မှု အဆင့် ကို စက်တင်ဘာ ၈ ရက်မှ ၃၀ ရက်အထိ လျှော့ချ လိုက်သည်။   မြို့တော်မနီလာအနီးဝန်းကျင်တွင်  တင်းကျပ်ကြမ်းတမ်းသည့်  ကန့်သတ်ပိတ်ဆို့မှုကို အကောင်အထည်ဖော်သွားမည်   ဖြစ်ကြောင်းနှင့်   ဆွေးနွေးမှုနောက်ဆုံးအဆင့်အထိ   ရောက်ရှိနေပြီဖြစ် ကြောင်း၊ ကန့်သတ်ပိတ်ဆို့မှုအသစ်တွင် လူများ ၏ရွေ့လျားသွားလာမှုများကို  တင်းကျပ်သွားမည် ဖြစ်ပြီး  ပါးစပ်နှာခေါင်းစည်း၊ မျက်နှာကာတို့ကို တပ်ဆင်ရမည်ဖြစ်ကြောင်း၊  အလုံပိတ်နေရာများ  နှင့် လူထူထပ်သောနေရာများသို့  သွားလာခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ကြောင်း   စသည့်အချက်များ ပါရှိသည်။ 
လူဦး ရေသန်း ၁၁၀ ရှိသော ဖိလစ်ပိုင်နိုင်ငံ၌  ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၁၇ ဒသမ ၅ သန်း ကျော်ရှိလာပြီဖြစ်သည်။               ဆင်ဟွာ