ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန် ရေကြီးမှုကြောင့် ၁၇ ဦးသေဆုံး

 

မနီလာ  ဇန်နဝါရီ  ၁၃


ဖိလစ်ပိုင်နိုင်ငံ၌  ဇန်နဝါရီ  ၁ ရက် မှစကာ         မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်   ရေကြီးမှုနှင့် မြေပြိုမှုများ  ဖြစ်ပေါ်သဖြင့် ၁၇ ဦး သေဆုံးကာ လူပေါင်း  ငါးသိန်း ကျော်   ထိခိုက်ခံစားခဲ့ရကြောင်း အစိုးရဘေးအန္တရာယ် အေဂျင်စီက ဇန်နဝါရီ ၁၃ ရက်တွင်  ပြောကြား သည်။

 


မိုးရွာသွန်းမှုဖြစ်ပွား


အရှေ့မြောက်     မုတ်သုံလေ လေဖိအားနည်းရပ်ဝန်း ကျရောက် ပြီးနောက်  မိုးရွာသွန်းမှုဖြစ်ပွား သဖြင့်  ဒေသငါးခုတွင်  ၁၇   ဦး သေဆုံးကြောင်း     အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါး ရေးနှင့်   စီမံခန့်ခွဲမှုကောင်စီက ထုတ်ပြန်ခဲ့သည်။ 

 


အဆိုပါ       ဖြစ်စဉ်ကြောင့် ပျောက်ဆုံးနေသူ   နှစ်ဦးထက် မနည်းကို      တာဝန်ရှိသူများက          ရှာဖွေနေကြောင်း    သိရသည်။   လေဖိအားနည်း      ရပ်ဝန်းမှာ    အဓိကအားဖြင့်    နိုင်ငံအလယ်ပိုင်း နှင့်   တောင်ပိုင်းတို့ရှိ  ဒေသ   ၁၃ ခု၌    ဖြစ်ပေါ်ခဲ့ကြောင်း     သိရ သည်။    အဆိုပါ     ဘေးအန္တရာယ် ကြောင့်    ကယ်ဆယ်ရေးစခန်း  ၁၂၀ ကျော်တွင်    ယာယီရွှေ့ပြောင်း နေထိုင်သူ   ၇၀၀၀၀  ကျော်ကို နေရာချထားပေး         ခဲ့ကြောင်း အေဂျင်စီက       ပြောကြားသည်။

ဆင်ဟွာ