
မနီလာ ဖေဖော်ဝါရီ ၉
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုဒီအိုရိုပြည်နယ် ကျေးရွာ အချို့တွင် မြေပြိုမှုဖြစ်ပွားခဲ့ရာ ယင်းသို့ဖြစ်ပွားပြီး နှစ်ရက်အကြာ တွင် အသက် သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် အသက် နှစ်လ အရွယ်ယောက်ျား ကလေးတစ်ဦးတို့ကို ရွှံ့နွံများအောက်မှ အသက် ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်ဟု ဖိလစ်ပိုင်ကြက်ခြေနီအသင်းက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။
အသက်ရှင်လျက်ကယ်တင်နိုင်ခဲ့သည့် ကလေးနှစ်ဦးကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အေဂျင်စီ အကြီးအကဲဖြစ်သူ ဒစ်ခ်ဂေါ်ဒွန်က ပြောသည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၆ ရက်က မာကိုမြို့အနီး မိုင်းတွင်း အနီးတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး သေဆုံးဦးရေမှာ ၁၅ ဦး ထက်မနည်းရှိ လာပြီဖြစ်သည်။ ပျောက်ဆုံးသူဦးရေမှာလည်း ၁၁၀ အထိရှိလာပြီ ဖြစ်သည်။ မာကိုမြူနီစပယ်အုပ်ချုပ်ရေးရုံး၏ ထုတ်ပြန်ချက်အရ ၃၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ရွှံ့နွံများ၊ သစ်ပင်များနှင့် ကျောက်တုံးများအောက်တွင် ပိတ်မိနေသောပျောက်ဆုံးနေသည့် ကျေးရွာသားများကို ကယ်တင် နိုင်ရေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိ သည်။ မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် ဖြစ်ပေါ်လာသည့် မြေပြိုမှုကြောင့် မိသားစုပေါင်း ၁၁၆၆ ဦးကို ယာယီရွှေ့ပြောင်းပေးထားပြီး အစိုးရကယ်ဆယ်ရေးစင်တာများတွင် နေရာချထားပေးကြောင်း သိရသည်။ ဆင်ဟွာ