
မနီလာ ဖေဖော်ဝါရီ ၁၇
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း သတ္တု တွင်းမြို့ဖြစ်သည့် ဒါဗာအိုဒီအိုရို ပြည်နယ်တွင် ဖေဖော်ဝါရီ ၆ ရက် က မြေပြိုမှုကြောင့် သေဆုံးသူ ၉၈ ဦးအထိ တိုးလာကြောင်း ဒေသတွင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးရုံးက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။
ကျန်ရှိနေသည့်ပျောက်ဆုံးသူ ကိုးဦးကို ရှာဖွေရန် ကယ်ဆယ် ရေးလုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း မာကိုမြို့ သဘာဝဘေးအန္တရာယ် လျှော့ချ ရေးနှင့် စီမံခန့်ခွဲမှုရုံးက ပြော ကြားသည်။
ဖေဖော်ဝါရီ ၆ ရက် ညနေ ပိုင်းက မိုးရွာသွန်းမှုကြောင့် တောင်စောင်းမှ ကျောက်ခဲများ၊ မြေများနှင့် အပျက်အစီးများက မာကိုမြို့ သတ္တုတူးဖော်ရေး လုပ်ငန်းအနီးတစ်ခုမှ အလုပ် သမားများကို လိုက်လံပို့ဆောင် သည့် ဘတ်စ်ကားနှစ်စီးအပါအဝင် နေအိမ်များနှင့် ယာဉ်များကို ဖုံးအုပ်သွားကြောင်း၊ ဘတ်စ်ကား ပေါ်ရှိ သတ္တုတွင်းအလုပ်သမား များ သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာ ရရှိကြောင်း သိရသည်။
ပစိဖိတ်မီးတောင်ရပ်ဝန်းတွင် တည်ရှိပြီး ကျွန်းစုဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံသည် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း မကြာခဏ တိုက်ခတ်ခံရလေ့ရှိကြောင်း သိရ သည်။
ဆင်ဟွာ