ဖိလစ်ပိုင်နိုင်ငံ၌ ကိုဗစ်- ၁၉ လူနာပေါင်း တစ်သန်းခွဲကျော်အထိရှိလာ

 

မနီလာ   ဇူလိုင်   ၂၁

 
ဖိလစ်ပိုင်ကျန်းမာရေးဌာနက ဇူလိုင် ၂၁ ရက်တွင် ကိုဗစ်- ၁၉ အတည်ပြုလူနာ ၆၅၆၀  ရှိလာကြောင်း အတည်ပြုဖော်ပြမှုနှင့် အတူ စုစုပေါင်း ကိုဗစ်- ၁၉ အတည်ပြုလူနာ တစ်သန်းခွဲကျော်အထိ  ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ဖော်ပြလိုက်သည်။ 
နောက်ထပ်     ကိုဗစ်- ၁၉ လူနာ ၃၂ ဦး ထပ်မံသေဆုံးမှုနှင့် အတူ    စုစုပေါင်း ကိုဗစ်- ၁၉ ဖြင့်  သေဆုံးသူပေါင်း ၂၆၈၇၄ ဦးအထိ ရှိလာကြောင်း         ဖိလစ်ပိုင် ကျန်းမာရေးဌာနက  ဆက်လက် သတင်းထုတ်ပြန်   ဖော်ပြလိုက် သည်။ 
နောက်ထပ်    ဆေးဝန်ထမ်း တစ်ဦး ကိုဗစ်- ၁၉ ကြောင့် ထပ်မံ သေဆုံးကြောင်းဖော်ပြမှုနှင့်အတူ စုစုပေါင်း    ကိုဗစ်-၁၉ ကြောင့် သေဆုံးသည့် ဆေးဝန်ထမ်းပေါင်း ၁၀၁ ဦးအထိ      ရှိလာပြီ    ဖြစ် သည်။ 
ဖိလစ်ပိုင်      ကျန်းမာရေး ဝန်ကြီးဌာနက  ဇူလိုင် ၁၉ ရက် အထိ  ကိုဗစ်- ၁၉ ကူးစက်ခံထား ရသော       ဆေးဝန်ထမ်းပေါင်း ၂၁၂၄၅ ဦးအထိ    ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 
လူဦးရေ သန်း   ၁၁၀  နီးပါး ရှိသော ဖိလစ်ပိုင်နိုင်ငံတွင် လူ ၁၅ သန်းခန့်   ကိုဗစ်- ၁၉ စမ်းသပ် စစ်ဆေးပြီးပြီဖြစ်သည်။ 

ဆင်ဟွာ