ဖိလစ်ပိုင်နိုင်ငံ၌ ခရီးသည်တင်လှေတစ်စင်း တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၂၆ ဦးအထိ တိုးလာ

 

မနီလာ   ဇူလိုင်   ၂၈
ဖိလစ်ပိုင်နိုင်ငံ   ရီဇယ်ပြည်နယ် လာဂူနိတ်ဘေး                ရေကန်တွင် ဇူလိုင် ၂၇  ရက်က ခရီးသည်တင် လှေတစ်စင်း      တိမ်းမှောက်မှု ဖြစ်ပွားပြီးနောက်     သေဆုံးသူ စုစုပေါင်း   ၂၆   ဦး   အထိရှိလာပြီ ဖြစ်ကြောင်း    ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့(ပီစီဂျီ) က ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။ 
အများဆုံးလူ ၄၂ ဦး ဆံ့သည့် အဆိုပါလှေမှာ   လူပေါင်း   ၇၀ တင်ဆောင်လာကြောင်း ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က     ပြော သည်။ ခရီးသည်များမှာ အသက် ကယ်အင်္ကျီများ     ဝတ်ဆင်ထား ခြင်းမရှိကြောင်း သိရသည်။ ဇူလိုင် ၂၈ ရက်နံနက်ပိုင်းအထိ    ရှာဖွေ ကယ်ဆယ်ရေး          လုပ်ငန်းများ ဆက်လက်     လုပ်ဆောင်လျက်ရှိ ကြောင်း ပီစီဂျီက ပြောကြားသည်။ 
အဆိုပါလှေမှာ      ဘီနန်ဂိုနန် မြို့မှ              ဖိလစ်ပိုင်နိုင်ငံအတွင်း အကြီးဆုံး        ရေကန်ဖြစ်သည့် လာဂူနိတ်ဘေး             ရေကန်ရှိ  တာလင်ကျွန်းသို့သွားစဉ်    တိမ်း မှောက်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံ၌  တိုင်ဖွန်းမုန်တိုင်း   ဒေါ့ဆူရီ ဝင်ရောက်တိုက်ခတ်ပြီး ရေကြီးမှု နှင့် မြေပြိုများ   ဖြစ်ပွားချိန်တွင် အဆိုပါ လှေတိမ်းမှောက်ခြင်းဖြစ် သည်။  
လေပြင်းများသည်       လှေကို ရိုက်ခတ်ခဲ့သဖြင့်  ခရီးသည်များ    အထိတ်တလန့် ဖြစ်စေခဲ့ကြောင်း   ပီစီဂျီက        ပြောကြားသည်။      လေပြင်းတိုက်ခတ်မှုနှင့်      မိုးရွာ သွန်းမှုတို့           ဖြစ်ပေါ်ချိန်တွင် လှေတစ်ဖက်သို့      ခရီးသည်များ အပြေးအလွှားသွားခဲ့ရာ     အခြား တစ်ဖက်သို့ တိမ်းစောင်းမှုဖြစ်ပေါ် ခဲ့ပြီး    ဟန်ချက်ပျက်ကာ    တိမ်း မှောက်ခဲ့သောကြောင့်  ခရီးသည်     အများအပြားမှာ လှေအောက်တွင် ပိတ်မိခဲ့ကြောင်း       အသက်ရှင် ကျန်သူများက ပြောသည်။
 ဆင်ဟွာ