ဖိလစ်ပိုင်နိုင်ငံ၌ ခြောက်ယောက်စီး ဆက်စ်နာ လေယာဉ်တစ်စင်း ပျောက်ဆုံးနေ

 

မနီလာ ဖေဖော်ဝါရီ ၁၈


ခြောက်ယောက်စီး ဆက်စ်နာ ၃၄၀ လေယာဉ်တစ်စင်းမှာ   ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၏  အရှေ့တောင် ဘက်  အယ်လ်ဘေးပြည်နယ်၌ ဖေဖော်ဝါရီ ၁၈ ရက် နံနက်ပိုင်းက မြေပြင်မှ       ပျံတက်ပြီးနောက်    မကြာမီပျောက်ဆုံးသွားသည်ဟု သတင်းရရှိကြောင်း  ဖိလစ်ပိုင် အရပ်ဘက် လေကြောင်းအာဏာ ပိုင်(စီအေအေပီ)က   ပြောကြား သည်။

 


လေယာဉ်မှူး၊     အမှုထမ်း တစ်ဦးနှင့်    ခရီးသည်နှစ်ဦးအပါ အဝင် လူလေးဦးလိုက်ပါလာသည့် အဆိုပါ   လေယာဉ်သည်  ဘိုင်ကိုး အပြည်ပြည်ဆိုင်ရာ   လေဆိပ်မှ ဒေသစံတော်ချိန် နံနက် ၆ နာရီ ၄၃ မိနစ်တွင် ထွက်ခွာခဲ့ကြောင်း စီအေအေပီက ပြောကြားသည်။

 


အဆိုပါ  RP C2080  အမျိုး အစား လေယာဉ်သည် မနီလာမြို့ သို့   ဦးတည်ခဲ့ပြီး   ၎င်းသွားမည့် နေရာကို မရောက်ခဲ့ကြောင်း  သိရ သည်။   အဆိုပါ   လေယာဉ်မှာ   ဒေသစံတော်ချိန် နံနက်  ၆  နာရီ  ၄၆  မိနစ်တွင် အဆက်အသွယ်      ပြတ်တောက်ခဲ့ကြောင်း      သိရ သည်။                          

 ဆင်ဟွာ