ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ ဦးမြောက် သမ္မတအဖြစ် ဖာဒီနန် ရာမူဒက်ဇ် မားကို့စ် ကျမ်းသစ္စာကျိန်ဆို

 

မနီလာ ဇွန်  ၃၀


ဖာဒီနန်  ရာမူဒက်ဇ်  မားကို့စ်သည်   မနီလာမြို့ရှိ အမျိုးသားပြတိုက်တွင် ဇွန် ၃၀ ရက်ကကျင်းပသည့် ကျမ်းသစ္စာကျိန်ဆိုပွဲသို့   လာရောက်ကြည့်ရှုသူ ထောင်ပေါင်းများစွာ၏ ရှေ့မှောက်၌ ဖိလစ်ပိုင်နိုင်ငံ၏ ၁၇ ဦးမြောက်သမ္မတအဖြစ်  ကျမ်းသစ္စာကျိန်ဆိုသည်။

 


ဖိလစ်ပိုင်နိုင်ငံ သမ္မတဟောင်း ဖာဒီနန် မားကို့စ် ၏ သားဖြစ်သူ   ဖာဒီနန် ရာမူဒက်ဇ်မားကို့စ်သည် အသက် ၆၄ နှစ်ရှိပြီဖြစ်ပြီး ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ၎င်း၏ အသက် ၉၂ အရွယ်ရှိ မိခင်ဖြစ်သူ အီမယ်လ် ဒါနှင့်အတူ အခြားမိသားစုဝင်များလည်း တက်ရောက် ခဲ့ကြသည်။     မားကို့စ်သည်     ကျမ်းသစ္စာကျိန်ဆို ပြီးနောက်  မိန့်ခွန်းပြောကြားခဲ့ကာ  နိုင်ငံသားများ အားလုံး   စည်းလုံးညီညွတ်ကြရန် တောင်းဆိုခဲ့သည်။

 


မားကို့စ်က ၎င်း၏အုပ်ချုပ်မှုစနစ်သည် စီးပွားရေး အသွင်ကူးပြောင်းမှုအတွက် အလုံးစုံပါဝင်သော အစီ အစဉ်တစ်ရပ်ကို  ရေးဆွဲနေကြောင်း၊  စားနပ်ရိက္ခာ ဖူလုံမှုပြဿနာကို ဖြေရှင်းရန်နှင့်  အခြေခံအဆောက် အအုံများ ပိုမိုဖွံ့ဖြိုးအောင် တည်ဆောက်ရန် အားလုံး အကျိုးရှိမည့် အပြောင်းအလဲများကို ဆောင်ကြဉ်းပေး မည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။
၎င်း၏ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် မြို့တော် အနှံ့ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးဝန်ထမ်း ၁၅၀၀၀ ကျော် ကို ဖြန့်ကြက်ထားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားသံတမန်များ၊   ဖိလစ်ပိုင်သမ္မတဟောင်း  သုံးဦးဖြစ်သည့် ဖီဒယ်ရာမို့စ်၊ ဂျိုးဇက်အက်ထရာဒါနှင့် ဂလိုရီရာ      မာကာပါဂယ်     အာရိုယို တို့လည်း တက်ရောက်ခဲ့ကြသည်။ 

 


ဖိလစ်ပိုင်ကွန်ဂရက်လွှတ်တော်က မေ ၉ရက်၌ ကျင်းပခဲ့သည့်  သမ္မတရွေးကောက်ပွဲတွင်  မားကို့စ် အနိုင်ရကြောင်း မေ၂၅ ရက်က ကြေညာခဲ့သည်။ ၎င်းသည်   မဲအရေအတွက် ၃၁ သန်းကျော် သို့မဟုတ် ထောက်ခံမဲ ၅၈ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ သမ္မတ ဒူတာတေး၏ သမ္မတ သက်တမ်း ခြောက်နှစ်   ကုန်ဆုံးသွားပြီဖြစ်၍   မားကို့စ်သည် ဖိလစ်ပိုင်သမ္မတ  တာဝန်ကို လွှဲပြောင်းရယူရခြင်းဖြစ် သည်။ ဖိလစ်ပိုင်နိုင်ငံ  ဖွဲ့စည်းပုံ   အခြေခံဥပဒေတွင် သမ္မတတစ်ဦးကို    ခြောက်နှစ်သက်တမ်း   တာဝန် ထမ်းဆောင်ခွင့်ပြုထားသည်။

 


မားကို့စ်    တာဝန်ယူချိန်တွင်  ဖိလစ်ပိုင်နိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော    ပြဿနာအချို့ဖြစ်သည့် အလုပ်လက်မဲ့နှုန်းကျဆင်းရေး၊ ငွေကြေးဖောင်းပွမှု၊ နိုင်ငံ့ဝင်ငွေနှင့် ကြွေးမြီဝန်ဆောင်မှုအချိုးမြင့်မားနေ မှုနှင့် လောင်စာဆီဈေးနှုန်းမြင့်မားမှု ပြဿနာများကို ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်သည်။

 


စားနပ်ရိက္ခာထောက်ပံ့မှုပြဿနာသည် အလွန် ဆိုးရွားနေသောကြောင့် မားကို့စ်သည်  ၎င်းတာဝန်ယူ ပြီးနောက်    စိုက်ပျိုးရေးအတွင်းရေးမှူးအဖြစ်  ကိုယ်တိုင် ယာယီတာဝန်ထမ်းဆောင်မည်ဟု ပြီးခဲ့ သည့် သီတင်းပတ်က ပြောကြားခဲ့သည်။    

ဆင်ဟွာ