မနီလာ ဩဂုတ် ၂
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ငါးထပ်ပါ စီးပွားရေးဆိုင်ရာ လူနေ အဆောက်အအုံတစ်ခု ဩဂုတ် ၁ ရက် နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားရာ ၁၁ ဦးထက်မနည်း သေဆုံးကြောင်း အာဏာပိုင် များက ပြောကြားသည်။
ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ မိနစ် ၃၀ မတိုင်မီ မီးလောင်မှုကြောင့် အဆောက်အအုံ အတွင်း ပိတ်မိခဲ့ပြီး ၁၁ ဦးသေဆုံး ခဲ့ကြောင်း မီးဘေးကာကွယ်ရေး ဌာနက ပြောကြားသည်။ မီးသတ် သမားများက နှစ်နာရီကြာ မီးငြှိမ်း သတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုကြောင့် အဆောက် အအုံပိုင်ရှင်၏ဇနီး သေဆုံးခဲ့ပြီး ၎င်း၏ ရုပ်အလောင်းကို တတိယ ထပ်တွင် တွေ့ရှိခဲ့ကြောင်း သိရ သည်။ ပထမထပ်ရှိ ကင်န်တင်း၌ ဓာတ်ငွေ့ကန် ပေါက်ကွဲမှုကြောင့် မီးလောင်မှု ဖြစ်ပွားခြင်းဖြစ် ကြောင်း အဆောက်အအုံ လုံခြုံရေးဝန်ထမ်းက ဆိုသည်။ မီးဘေး ကာကွယ်ရေးဌာနက မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေသော် လည်း မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတည်မပြုနိုင် သေးပေ။
ဆင်ဟွာ