ဖိလစ်ပိုင်၌ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၁၃ ဦးရှိလာပြီး အခြား၂၃ ဦး ပျောက်ဆုံးနေဆဲဖြစ်

 

မနီလာ   ဒီဇင်ဘာ  ၂၇


ဖိလစ်ပိုင်နိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်    ရေကြီးရေလျှံမှု ကြောင့် သေဆုံးသူပေါင်း ၁၃ ဦး အထိ ရှိလာကြောင်း    ဒီဇင်ဘာ ၂၇ ရက်တွင် အစိုးရသဘာဝဘေး အန္တရာယ် အေဂျင်စီက ပြောသည်။ 

 


ထို့အပြင်  အခြား   ၂၃   ဦး ထက်မနည်း   ပျောက်ဆုံးနေဆဲဖြစ် ကြောင်း      အမျိုးသားသဘာဝ ဘေးအန္တရာယ်  လျော့ပါးရေးနှင့်      စီမံခန့်ခွဲမှုကောင်စီ    (အင်န်ဒီအာရ် အာရ်အမ်စီ)က ပြောသည်။ ဖိလစ် ပိုင် နိုင်ငံတစ်ဝန်း    ဒေသခြောက်ခု မှ   လူပေါင်း   ၁၇၀၀၀၀   နီးပါးမှာ အိုးမဲ့အိမ်မဲ့  ဖြစ်ခဲ့ရကြောင်းနှင့် ၄၅၀၀၀ ကျော်မှာ အစိုးရအဆောက် အအုံ ၈၇   ခုအောက်   ခိုလှုံနေကြရ ကြောင်း   သိရသည်။  မိုးသည်း ထန်စွာရွာသွန်းမှုနှင့်      ရေကြီး ရေလျှံမှုကြောင့် အိုးအိမ် ၅၃၄ လုံး မှာ အလုံးစုံ  သို့မဟုတ်  တစ်စိတ် တစ်ပိုင်း ပျက်စီးမှုဖြစ်ပွားခဲ့သည် ဟု သိရသည်။                  

ဆင်ဟွာ