ဖိလစ်ပိုင်မြို့တော် မနီလာတွင် မီးလောင်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံး

 

မနီလာ   နိုဝင်ဘာ   ၉ 


ဖိလစ်ပိုင်မြို့တော်    မနီလာရှိ လူနေဒေသတစ်ခုတွင် နိုဝင်ဘာ ၉ ရက်အစောပိုင်းက သုံးနာရီကြာ မီးလောင်မှုဖြစ်ပွားခဲ့ရာ ၆၉ နှစ် အရွယ်မိခင်ဖြစ်သူနှင့် ၄၂ နှစ် အရွယ်သားဖြစ်သူတို့  သေဆုံးခဲ့ ကြောင်း ဖိလစ်ပိုင်မီးဘေးကာကွယ်  ရေးဗျူရို၏     အရာရှိတစ်ဦးက ပြောကြားသည်။ 


မီးသည်  နိုဝင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ခွဲတွင်    လောင်ခဲ့ပြီး   လျင်မြန် စွာကူးစက်ပျံ့နှံ့ခဲ့ကြောင်း မီးသတ် ဌာနအကြီးအကဲ အက်ဝါဒို လွန်း က ပြောသည်။ မီးသတ်သမားများ သည် ယင်းနေ့နံနက် ၃ နာရီခန့် တွင် မီးကိုငြှိမ်းသတ်နိုင်ခဲ့သည်။ 


အိမ်ခြေ   ၂၀  ထက်မနည်း မီးလောင်ခဲ့ပြီး မိသားစုဝင် ၄၀ ခန့် မီးဘေးသင့်ခဲ့သည်။ 
မီးလောင်မှုကြောင့်  သေဆုံး သူနှစ်ဦး၏ရုပ်အလောင်းကို ရေချိုး ခန်းနှင့်   ဧည့်ခန်းတွင်  တွေ့ခဲ့ရ ကြောင်း  အက်ဝါဒိုလွန်းက ပြော သည်။

 
မီးလောင်ရသည့် အကြောင်း ရင်းကို သိရှိရန် စုံစမ်းစစ်ဆေးမှု များ လုပ်ဆောင်လျက်ရှိသည်။ 

ဆင်ဟွာ