ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ ဂျပန်နှင့် အမေရိကန်တပ်ဖွဲ့ဝင်များနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

 

မနီလာ   အောက်တိုဘာ   ၂၈ 

 


ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့သည်  ဂျပန်နှင့် အမေရိကန်ပြည်ထောင်စု တပ်ဖွဲ့များနှင့်  ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို  လွန်ခဲ့သော တနင်္ဂနွေနေ့ က ပြုလုပ်ခဲ့သည်။ 

 


အဆိုပါ  ပူးတွဲစစ်ရေးလေ့ကျင့်မှုကို    မနီလာပင်လယ်အော်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုတွင်  ဂျပန်နိုင်ငံ၌ ဇွန်လက ထောက်ပံ့ပေးခဲ့သော  ကင်းလှည့်သင်္ဘောသစ်ကို ဖိလစ်ပိုင်နိုင်ငံက အသုံးပြုခဲ့သည်။  သင်္ဘောတစ်စင်း  ရေကြောင်းသွားလာမှုပြတ်တောက် သွားသောအခါတွင်  တခြားသော ကင်းလှည့်ရေယာဉ်ဖြင့်  ဆွဲခေါ်ခြင်း များကိုလည်း  လေ့ကျင့်ခဲ့ကြသည်။ 

 


ဂျပန်နှင့်   အမေရိကန်တပ်ဖွဲ့များသည်   ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့နှင့်  အောင်မြင်စွာလေ့ကျင့်ခဲ့ကြောင်း  ဂျပန်ကမ်းခြေစောင့် တပ်ဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက   ပြောကြားလိုက်သည်။  ပူးတွဲစစ်ရေး လေ့ကျင့်မှု   လုံခြုံစွာလေ့ကျင့်နိုင်ခြင်းအပေါ်   ဝမ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်း ၎င်းကပြောသည်။ 

 


ယခုကဲ့သို့  လေ့ကျင့်မှုများသည်   ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ များအတွက်   အလွန်အရေးကြီးကြောင်း၊   အဘယ်ကြောင့်ဆိုသော် မိမိတို့၏ ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးခြင်းကြောင့် ဖြစ်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 


ဆင်ဟွာ