ဖိလစ်ပိုင် - မလေးရှား ကုန်သွယ်ရေးအတွက် ပုဂ္ဂလိကအဖွဲ့အစည်းများ နားလည်မှုစာချွန်လွှာရေးထိုး

 

မနီလာ  မေ   ၄


မလေးရှားနိုင်ငံဆိုင်ရာ  ဖိလစ်ပိုင်သံရုံး၊  မလေးရှား နိုင်ငံ ကွာလာလမ်ပူမြို့ရှိ ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုစင်တာ  (PTIC-KL)  နှင့်   မလေးရှား ကုန်သည်များနှင့်     စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း  (MICCI)    တို့သည်  ဖိလစ်ပိုင်-မလေးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ နှင့်  စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာကို ဧပြီလ အတွင်းက    မလေးရှားနိုင်ငံရှိ      ဖိလစ်ပိုင်သံရုံး၌ လက်မှတ်ရေးထိုးခဲ့ကြသည်။         

 


မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၊ PTIC-KL နှင့်   MICCI   တို့အကြား ဆက်ဆံရေးပိုမိုခိုင်မာလာ စေရန်၊   ဖိလစ်ပိုင်-မလေးရှား    နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်ဆောင်ရွက်ရန် ရည်ရွယ်ပြီး          လက်မှတ်ရေးထိုးရခြင်းဖြစ်ပြီး နားလည်မှုစာချွန်လွှာကို          မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Charles C. Jose၊ မလေးရှား နိုင်ငံဆိုင်ရာ   ဖိလစ်ပိုင်စီးပွားရေးသံမှူး  Norjamin G. Delos Reyes နှင့် MICCI ဥက္ကဋ္ဌ Ms.Christina Tee တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

 


သံအမတ်ကြီးက         မလေးရှားနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသော   ဖိလစ်ပိုင်ကုမ္ပဏီ များစွာရှိပြီး    အဆိုပါကုမ္ပဏီများအတွက်    အဓိက ရည်ရွယ်ခြင်းဖြစ်ကြောင်း၊    ယခုကဲ့သို့   လက်မှတ် ရေးထိုးခဲ့ခြင်းအားဖြင့် မလေးရှားကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ချိတ်ဆက် မှု ရရှိမည်ဖြစ်ပြီး   ထိုမှတစ်ဆင့်   အခြားညီနောင် အသင်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားနိုင် မည်ဖြစ်ကြောင်း၊    လိုအပ်သည့်    သတင်းအချက် အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ   ရရှိနိုင် မည်ဖြစ်ကြောင်းနှင့် သတင်းအချက်အလက်များမှာ လုပ်ငန်းဆောင်ရွက်ရာတွင် လွန်စွာအရေးပါကြောင်း ပြောကြားခဲ့သည်။ 

 


MICCI     အနေဖြင့်လည်း    အခြားတစ်ဖက်တွင် ပြည်တွင်းဈေးကွက်  အားကောင်းလာစေရန်နှင့် လုပ်သားအင်အားများပြားသည့် တိုင်းပြည်ဖြစ်လာ စေရန်အတွက်    အလားအလာရှိသော    စီးပွားရေး အခွင့်အလမ်းများ    ချဲ့ထွင်သွားရန်နှင့်    အဖွဲ့ဝင် အသစ်များပါဝင်လာရန် ဖိလစ်ပိုင်နိုင်ငံရှိ မလေးရှား လုပ်ငန်းရှင်များနှင့်လည်း      ဆက်သွယ်သွားစေလို သည်။ 

 


ဖိလစ်ပိုင်နိုင်ငံ၏   လတ်တလော   အခွန်ပြုပြင် ပြောင်းလဲရေးအစီအစဉ်ပါ    ဥပဒေလေးခုဖြစ်သည့် စီးပွားရေးလုပ်ငန်းများအား အခွန်သက်သာခွင့်များပေးခြင်းဆိုင်ရာ    The Republic  Act No;11534၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု  ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ The Republic Act No;11647၊ လက်လီကုန်သွယ် ရေးဖြေလျှော့မှုများ ဥပဒေပြင်ဆင်ခြင်းဆိုင်ရာ The Republic Act No;11595 နှင့် အများပြည်သူသို့ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ    The Republic Act No;11659 တို့အား ပြင်ဆင်ခြင်းသည်   နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအား           ပိုမိုဆွဲဆောင်လာနိုင် ကြောင်းနှင့်        ဖိလစ်ပိုင်နိုင်ငံ၏      ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား         ဖန်တီးပေးနိုင်ကြောင်း      မလေးရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စီးပွားရေးသံမှူးက ဆိုသည်။

 

သတင်းရင်းမြစ်များ - မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။     ခင်ရတနာ စုစည်းဖော်ပြသည်၊၊