ဖိလစ်ပိုင် ကမ်းလွန်တွင် ကူးတို့လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် လူ ၆၇ ဦးလုံးကို ကယ်တင်နိုင်ခဲ့

 

မနီလာ   ဩဂုတ်   ၃


ဖိလစ်ပိုင်နိုင်ငံ   လူဇွန်ကျွန်း၏ တောင်ဘက်   ကွီဇွန်ပြည်နယ်၌ ဩဂုတ်  ၃ ရက်  မွန်းလွဲပိုင်းက ခရီးသည်တင် ကူးတို့လှေတစ်စင်း တစ်ဝက်နစ်မြုပ်မှုဖြစ်ပွားသဖြင့် လှေပေါ်ပါ    လူ  ၆၇ ဦးလုံးကို     ကယ်ဆယ်နိုင်ခဲ့ကြောင်း ဖိလစ် ပိုင်  ကမ်းခြေစောင့်တပ်ဖွဲ့ (ပီစီဂျီ) က ပြောကြားသည်။


ခရီးသည် ၆၀ နှင့် အမှုထမ်း ခုနစ်ဦး  လိုက်ပါလာသည့် ခရီး သည်တင်ကူးတို့လှေသည်  ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီဝန်းကျင်  က ကွီဇွန်ပြည်နယ်    ပိုလီလိုကျွန်း ရေပြင်သို့ ဖြတ်သွားစဉ် တစ်ဝက် နစ်မြုပ်သွားကြောင်း၊   ခရီးသည် အားလုံးကို   ဘေးကင်းလုံခြုံစွာ ကင်တင်နိုင်ခဲ့ပြီး   သေဆုံးမှုနှင့် ပျောက်ဆုံးမှုမရှိကြောင်း၊ ကျန်းမာ ရေး      အခြေအနေမှာလည်း  ကောင်းမွန်လျက်ရှိကြောင်း ဖိလစ်  ပိုင်     ကမ်းခြေစောင့်တပ်ဖွဲ့က ထုတ်ပြန်ချက်တွင်   ပြောကြား သည်။


ခရီးသည်တင်    ကူးတို့လှေ သည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီဝန်းကျင်က  ကွီဇွန်ပြည်နယ် ပက်နမ်နွန်ဂန်မြို့မှ    အဆိုပါ ပြည်နယ်ရှိ   ရီးယဲလ်တောင်းသို့ ထွက်ခွာချိန်တွင်  မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အစော ပိုင်းက လှေပေါ်တွင် လူ ၇၀ ခန့် လိုက်ပါကြောင်း    ဒေသတွင်း မီဒီယာများက   ထုတ်ပြန်ထား သည်။ ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့ သည့်     သီတင်းပတ်ကလည်း အများဆုံး ၄၂ ဦး တင်ဆောင်နိုင် သည့် ခရီးသည်တင်လှေတစ်စင်း မှာ လူပေါင်း ၇၀ နီးပါးသယ်ဆောင် ခြင်းကြောင့်    မနီလာမြို့အရှေ့ ပိုင်း  ရီဇယ်ပြည်နယ် လာဂူနာဒီ ပင်လယ်အော်အတွင်း တိမ်းမှောက် ခဲ့ကြောင်း သိရသည်။


မုန်တိုင်းများ   ဝင်ရောက် လေ့ရှိခြင်း၊ သင်္ဘောများထိန်းသိမ်း  ရာတွင် အားနည်းမှုနှင့် ဘေးကင်း လုံခြုံရေးစည်းကမ်းများ လိုက်နာ မှု         အားနည်းခြင်းတို့ကြောင့် ရေယာဉ်        မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိ သည်။

ဆင်ဟွာ