
မနီလာ ဇွန် ၂၉
မနီလာမြို့ ဆင်ခြေဖုံးရပ်ကွက် တစ်ခုအတွင်း လူမှောင်ခိုကူးခံ ထားရသည့် လူပေါင်း ၂၇၀၀ ကျော်ကို ဆိုက်ဘာရာဇဝတ်မှု စီးနင်းဖမ်းဆီးမှုအတွင်း ကယ်တင် နိုင်ခဲ့သည်။ ၎င်းတို့သည် လူမှု ကွန်ရက်ဆိုရှယ်မီဒီယာတွင် တရား မဝင် အွန်လိုင်းလောင်းကစား ဂိမ်းဆိုဒ်များ၌ အလုပ်လုပ်ရမည် ဟူသော ကြော်ငြာအလိမ်များ ကြောင့် လိမ်ညာခံခဲ့ရသည်ဟု ပြောသည်။
ဇွန် ၂၇ ရက်က အာဏာပိုင် များသည် လက်စ်ပိုင်းနက်စ်ရှိ စီးပွားရေးအဆောက်အအုံ ခုနစ် လုံးကို ဝင်ရောက်စီးနင်းခဲ့သည်။ ဆိုက်ဘာ ရာဇဝတ်မှုများကို ပစ်မှတ်ထားကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထိုသို့ စီးနင်းစဉ် အဆောက်အအုံအတွင်းလက်နက် များ၊ ဒစ်ဂျစ်တယ်အထောက် အထားများကို တွေ့ရှိခဲ့သည်။ ကယ်တင်ခံရသူများ၏ တစ်ဝက် ခန့်မှာ ဖိလစ်ပိုင်များဖြစ်ကြပြီး ၁၇ ဦးမှာမူ အခြားသောနိုင်ငံများ မှဖြစ်သည်။
အဆိုပါ ၁၇ ဦးမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ ဖြစ်ကြသည်။ ဆိုက်ဘာရာဇဝတ်မှုများ အုပ်စု များနှင့် ဆက်နွှယ်သည့်လူကုန်ကူး မှုများမှာ အရှေ့တောင်အာရှ တွင် များပြားလာလျက်ရှိသည်။ လုပ်ငန်းခွင်အခြေအနေ ကောင်း မွန်သည်၊ လစာကောင်းကောင်းရ သည်ဟုဆိုကာ အလိမ်အညာ ကြော်ငြာများဖြင့် ကမ္ဘာတစ်ဝန်းမှ လူများကို ဆွဲဆောင်လျက်ရှိ သည်။
အင်န်အိတ်ချ်ကေ