ဖီဖာ ယူ - ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် (၂) တွင် နယူးကာလီဒိုးနီးယားကို ဘရာဇီးက ကိုးဂိုးပြတ် အနိုင်ရ

 

ဖီဖာ ယူ - ၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် (၂) မှ  နိုဝင်ဘာ ၁၄ ရက် ညနေ ၃ နာရီခွဲက  ယှဉ်ပြိုင် ကစားခဲ့သည့်  ဘရာဇီးနှင့်    နယူး ကာလီဒိုးနီးယားအသင်း   ပွဲစဉ် တွင် (ဝဲပုံ) ဘရာဇီးအသင်းက   တိုက်စစ်ခြေစွမ်းပြကာ     ကိုးဂိုး ပြတ် အနိုင်ရရှိခဲ့သည်။ 
ဘရာဇီး ယူ-၁၇ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အီရန် ယူ-၁၇ အသင်းနှင့်    တွေ့ဆုံခဲ့ကာ သုံးဂိုး - နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ဘရာဇီးအသင်းသည် ယခုပွဲစဉ်တွင် မဖြစ်မနေ  နိုင်ပွဲရရှိ ရန် ကြိုးပမ်းအားထုတ်မှုကြောင့် နယူးကာလီဒိုးနီးယားအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ 


ထို့အပြင်    နယူးကာလီဒိုးနီးယား အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အင်္ဂလန်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ၁၀ ဂိုးပြတ်ရှုံးနိမ့်ထားသည်။ 


ထို့ကြောင့်     နယူးကာလီ ဒိုးနီးယားအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲ   ယှဉ်ပြိုင်ကစားပြီးသည် အထိ နိုင်ပွဲမရရှိသေးဘဲ နှစ်ပွဲစလုံး ဂိုးပြတ်ရှုံးနိမ့်ထားပြီး    နောက်တစ်ဆင့်တက်ရေးမျှော်လင့်ချက် မှေးမှိန်ခဲ့ရပြီ ဖြစ်သည်။ 


ဘရာဇီးအသင်းသည် အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၁၇ ရက်တွင် အင်္ဂလန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ အုပ်စုပွဲစဉ် (၂)အပြီးတွင်  အမှတ် ပေးဇယားကို အင်္ဂလန်အသင်းက ရမှတ် ခြောက်မှတ်ဖြင့် ဦးဆောင် ထားပြီး ဘရာဇီးအသင်းက အီရန် အသင်းနှင့်  ရမှတ်  သုံးမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဒုတိယ နေရာတွင် ရပ်တည်နေသည်။                                                                                                                  
ယူ - ၁၇  ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ် (၂) မှ အခြားသော ပွဲစဉ်ရလဒ်များတွင် အင်္ဂလန်က အီရန်ကို နှစ်ဂိုး- တစ်ဂိုး၊ ဆီနီဂေါ က ပိုလန်ကို လေးဂိုး - တစ်ဂိုး၊ အာဂျင်တီးနားက ဂျပန်ကို သုံးဂိုး-တစ်ဂိုးဖြင့် အသီးသီး အနိုင်ရရှိခဲ့ သည်။             

အောင်ဇော်