ဖေ့စ်ဘွတ်နှင့်ယူကျုတွင် နှစ်နှစ်ကြာအပိတ်ခံရပြီးနောက် ဒေါ်နယ်ထရမ့် လူမှုကွန်ရက်ပေါ်သို့ပြန်လည်ရောက်ရှိ 

 

နယူးယောက်  မတ်  ၁၈


အမေရိကန်    သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည်    မတ် ၁၇ ရက်က   ဖေ့စ်ဘွတ်နှင့် ယူကျု အကောင့်များ ပြန်လည်အသုံးပြု ခွင့်ရရှိခဲ့သည်။ ကက်ပီတော်တွင် ဆူပူသောင်းကျန်းမှု  ဖြစ်ပေါ်ပြီး နောက်     အမေရိကန်သမ္မတ ဟောင်း ထရမ့်၏ ဖေ့စ်ဘွတ်နှင့်  ယူကျုအကောင့်များ နှစ်နှစ်ကျော် ကြာအောင် အသုံးပြုခွင့်မရခဲ့ပေ။ ဖေ့စ်ဘွတ်  ပြန်လည်အသုံးပြုခွင့် ရပြီးနောက် ဒေါ်နယ်ထရမ့်သည် “ငါပြန်လာပြီ”ဟူသော  စာသား နှင့်အတူ ၂၀၁၆ ခုနှစ် ရွေးကောက် ပွဲတွင် အနိုင်ရမိန့်ခွန်းပြောကြား သည့်  ၁၂   မိနစ်စာ  ဗီဒီယိုကိုပါ တွဲတင်ခဲ့သည်။

 


အသက်   ၇၆   နှစ်အရွယ် ရီပတ်ဘလီကင်   ခေါင်းဆောင်  ဒေါ်နယ်ထရမ့်မှာ       သမ္မတ ရွေးကောက်ပွဲတွင်        နောက် တစ်ကြိမ်     ပြန်လည်ဝင်ရောက် မည်ဖြစ်သည်။      ၂၀၂၄   ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲ အတွက်    ထရမ့်၏ ပထမဦးဆုံး မဲဆွယ်စည်းရုံးပွဲကို  ကျင်းပမည် ဟု ကြေညာအပြီး ဖေ့စ်ဘွတ်ပေါ် ပြန်ရောက်လာခြင်းဖြစ်သည်။ 

 


၎င်းကို ထောက်ခံသူများပြား သည့်     တက္ကဆက်ပြည်နယ်၌ မတ် ၂၅ ရက်တွင် မဲဆွယ်စည်းရုံးပွဲ ကျင်းပမည်ဖြစ်သည်။   ဒေါ်နယ် ထရမ့်၏          ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်     အကောင့်များ ကို      ဖေဖော်ဝါရီလအတွင်းက စတင်၍     မက်တာကုမ္ပဏီက    ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်။  ဒေါ်နယ်ထရမ့်၏    ဖေ့စ်ဘွတ်နှင့် အင်စတာဂရမ်      အကောင့်များမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင် ကာ  အသုံးပြုခွင့်ပိတ်ပင်ခံရခြင်း ဖြစ်သည်။


အေအက်ဖ်ပီ