
ဖော်မြူလာဝမ်းကားပြိုင်ပွဲကို နောက်နှစ် မေ ၈ ရက်မှာ မိုင်ယာမီရှိ ဟာ့ဒ်ရော့ခ်ကစားကွင်းမှာ ပထမဆုံးကျင်းပမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
အံ့သြတုန်လှုပ်စရာစိတ်အားထက်သန်မှုတွေနဲ့ ဒီပွဲကို မျှော်လင့်စောင့်စားနေပါတယ်။ ဖော်မြူလာဝမ်းပြိုင်မယ့်ရက်ကို ကြေညာနိုင်ခဲ့တဲ့အတွက် မိမိတို့တွေပျော်ပါတယ်။ အဲဒီပွဲအတွက် ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်နိုင်တော့မှာဖြစ်ပါတယ် လို့ မီယာမီ ဂရန့်ဒ်ပရစ် စီမံခန့်ခွဲရေးမှူး တွမ်ဂါဖင်ဂယ်က ထုတ်ပြန်ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။
၁၉၅၀ မှာ စတင်ခဲ့တဲ့ ကမ္ဘာ့တံခွန်စိုက်ပြိုင်ပွဲမှစကာ မိုင်ယာမီဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၁ နေရာမြောက် ဖော်မြူလာဝမ်းကားပြိုင်ပွဲ ကျင်းပတဲ့နေရာဖြစ်ပါတယ်။
မိုင်ယာမီမှာရှိတဲ့ ဟာ့ဒ်ရော့ခ် ကစားကွင်းကို အိမ်ခြံမြေထိပ်သီးပုဂ္ဂိုလ်လည်းဖြစ်၊ မိုင်ယာမီဒေါ်ဖင် အင်န်အက်ဖ်အယ်လ် အသင်းရဲ့ ပိုင်ရှင်လည်းဖြစ်တဲ့ စတီဖင်ရော့စ်က ပိုင်ဆိုင်ပါတယ်။ သူက ကားပြိုင်ပွဲပတ်လမ်းတည်ဆောက်မှုကုန်ကျစရိတ်နဲ့ အဘက်ဘက်က ကုန်ကျစရိတ်များကို အကုန်အကျခံမှာဖြစ်ပါတယ်။
ဖော်မြူလာဝမ်းရဲ့ ၂၀၂၂ ခုနှစ် ပြိုင်ပွဲရာသီအားကစားအချိန်ဇယားများကို လာမယ့်လအထိ တရားဝင်ထုတ်ပြန်ဦးမှာ မဟုတ်သေးပါဘူး။ ဆေးလ်ဗားစတုန်းက ဗြိတိန်ဂရန့်ဒ်ပရီရဲ့ လက်မှတ်တွေကို လာမယ့်နှစ် ဇူလိုင် ၃ ရက်မှာ ရောင်းချ သွားမှာဖြစ်ပါတယ်။
လင်းခေတ်ဆန်