
နေပြည်တော် ဩဂုတ် ၁၉
ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှု ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည့် အစည်းအဝေးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည် တော် ရုံးအမှတ်(၅၅)တွင် ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက် အမှာ စကားပြောကြားသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ များ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု များ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန်၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ UMFCCI မှ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ တက်ရောက် ဆွေးနွေးကြသည်။
ငွေလဲလှယ်နှုန်းတည်ငြိမ်ရေး
အစည်းအဝေးတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက နိုင်ငံတော်က လက်ရှိဖြေလျှော့ပေးနေသောအခြေအနေ များနှင့် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကို ထိန်းကျောင်းရန်အတွက် နိုင်ငံခြား ငွေကြေးကို တရားဝင်ဈေးကွက်များတွင် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံ၏ Macro စီးပွားရေးအခြေ အနေပေါ် မူတည်အခြေပြုသော အတိုး နှုန်းမူဝါဒနှင့် ငွေကြေးမူဝါဒများကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်အနေဖြင့် ငွေကြေး ဆိုင်ရာကိစ္စရပ်များ အဆင်ပြေမှုရှိစေရန် ဈေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ် ချက် အဆင်ပြေချောမွေ့စေရန်အတွက် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြု ၍ အမေရိကန်ဒေါ်လာလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြင့် ငွေလဲလှယ် နှုန်း တည်ငြိမ်ရေးကို လိုအပ်သလို ထိန်းကျောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များ နိုင်ငံခြားငွေ ဝယ်ယူရာတွင် အဆင်ပြေမှုရှိစေရန် အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ Online Trading စနစ်ကို ဇွန် ၂၂ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ Online Trading ၌ မျှတမှန်ကန် သော ရောင်းဝယ်မှုဖြစ်စေရန် Criteria များ သတ်မှတ်ထားကြောင်း၊ အဆိုပါ Criteria များနှင့် ကိုက်ညီပါက ရောင်းချ ပေးလျက် ရှိကြောင်း။
နိုင်ငံခြားငွေ လဲလှယ်နှုန်းများနှင့် စပ်လျဉ်း၍လည်း ဈေးကွက်လိုအပ်မှုနှင့် Data အချက်အလက်များပေါ် အခြေမခံ ဘဲ Online နှင့် Social Media များပေါ်၌ ဈေးနှုန်းများတက်ရန် ရေးသားပြောဆိုမှု များနှင့် တရားမဝင်ဟွန်ဒီ ဆောင်ရွက်မှု များ စသည့်နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ဆောင်ရွက်မှုများအတွက် အရေးယူ ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ပြည်ပသို့ထွက်ခွာမည့် ပြည်သူ များအနေဖြင့် အသေးသုံးနိုင်ငံခြားငွေများ ဝယ်ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ် ကောင်တာများတွင် AD လိုင်စင်ရဘဏ် များ၏ ငွေသားလက်ကျန်အပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများ အရ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်များ သတ်မှတ်ထား၍ စည်းမျဉ်းများနှင့်အညီ သတ်မှတ်ပမာဏနှင့် သတ်မှတ်ကာလ အတွင်း ကိုင်ဆောင်ရန်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက စည်းမျဉ်းဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ပြောကြားသည်။
စက်သုံးဆီလိုအပ်မှုမရှိစေရန်
ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက ကုန်သွယ်မှုနှင့် ပတ်သက်၍ မှောင်ခိုရောင်းဝယ်မှုများ နှင့် တရားမဝင်တင်ပို့မှုများကြောင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက်နေခြင်း ဖြစ်ကြောင်း၊ ပြည်တွင်းသို့ တရားမဝင် ကုန်စည်များ ဝင်ရောက်မှုမရှိစေရန် အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့ အစည်းများက ကြပ်မတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ ခြား ငွေကြေးဈေးကွက်၌ မှန်ကန်သော အချက်အလက်ပေါ်မူတည်၍ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို သတ်မှတ်ပြီး ပြည်တွင်း သို့ ပို့ကုန်ပစ္စည်းတင်ပို့သူများ လိုအပ် သော နိုင်ငံခြားငွေများကို အဆင်ပြေ ချောမွေ့စွာရရှိနိုင်ရန် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသဖြင့် ဈေးကွက်၌ စက်သုံးဆီလိုအပ်မှုမရှိစေရန်နှင့် နိုင်ငံ့ စီးပွားရေးအတွက်လိုအပ်သော ကုန်ကြမ်း ပစ္စည်းများ တင်သွင်းနိုင်ရန်တို့အတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ Online တွင် တရားမဝင်သော ဖြစ်သင့် ဖြစ်ထိုက်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်း မဟုတ်ဘဲ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန် ရည်ရွယ်၍ ဈေးကစား မှုများနှင့်ပတ်သက်၍ ဖော်ထုတ်အရေး ယူရန်ရှိကြောင်း၊ ပို့ကုန်ရငွေဝင်ရောက်မှု မရှိသော ကုမ္ပဏီများအနေဖြင့် သတ်မှတ် ကာလအတွင်း ပို့ကုန်ရငွေဝင်ရောက်စေ ရန် ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ အမည်ခံပို့ကုန်တင်ပို့မှုများကို စိစစ်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း၊ Online Market Rate ဖြင့် Importer အမည်ခံဖြင့် နိုင်ငံခြားငွေရယူပြီး အခြားသူများအား တရားမဝင်ဈေးဖြင့် ညှိနှိုင်း၍ ရောင်းချ ခြင်းမဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးကြသည်။
မှောင်ခိုရောင်းဝယ်မှုလျှော့ချစေရေး
ယင်းနောက် တက်ရောက်လာ သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ က Online Trading တွင် ပါဝင်ဝယ်ယူလို သောကိစ္စရပ်များ၊ ကုန်ဈေးနှုန်းတည်ငြိမ် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်မည့် အစီအစဉ်များ၊ တရားမဝင်ရောင်းဝယ်မှု မှ ကုန်ဈေးနှုန်းမြှင့်၍ ဝယ်ယူပြီး ကုန်ဈေးနှုန်းမြင့်တက်ခြင်း အခင်းအကျင်း ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများ၊ ပို့ကုန်ရငွေကို သတ်မှတ်ချက်များနှင့် အညီ ဝင်ရောက်ရေးဆိုင်ရာကိစ္စရပ် များ၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များက Trade Financing ရယူလိုသော ကိစ္စရပ် များ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေး အတွက် မှောင်ခိုရောင်းဝယ်မှုများကို ပိုမို လျှော့ချစေရေးနှင့် တရားမဝင်ကုန်သွယ်မှု များ တားဆီးရေးကိစ္စရပ်များကို အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်