ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်၏ ဒါးကွင်းခြေကုပ်စခန်းအား  KNLA တပ်မဟာ(၅)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

 

 

နေပြည်တော်   ဇန်နဝါရီ    ၃၁   
ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း နယ်မြေလုံခြုံ ရေး ဆောင်ရွက်နေသည့်  တပ်မတော်၏ ဒါးကွင်း ခြေကုပ်စခန်းအား KNLA တပ်မဟာ(၅)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ဇန်နဝါရီ ၃၀ ရက် ညပိုင်းတွင် လက်နက်ကြီး/ လက်နက်ငယ်များ အသုံးပြုပြီး  သာလွန်အင်အားဖြင့်   အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စခန်းမှလုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် အနီးပတ်ဝန်းကျင်တွင် လုံခြုံရေးတာဝန်  ထမ်းဆောင်နေသော  လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ကူစစ်ကူများဖြင့် ပြန်လည်ခုခံပစ်ခတ် ထိန်းချုပ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း မိမိဘက်မှ ထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
KNLA တပ်မဟာ(၅)အဖွဲ့အနေဖြင့် ၎င်းတို့၏ အထက်အမိန့်များကို နာခံမှုမရှိဘဲ NCA စာချုပ်အား ချိုးဖောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပျက်စီးရာ  ပျက်စီးကြောင်းများကိုသာ  ဆက်တိုက်လုပ်ဆောင် လျက်ရှိသည်။  
တပ်မတော်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် လိုအပ်သည့် သောင်းကျန်းမှု နှိမ်နင်းရေးစစ်ဆင်ရေး များကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်