ဖာနန်ဒက်စ်၏ သွင်းဂိုးကြောင့် ဖူလ်ဟမ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် မန်ယူအနိုင်ရ

 

ပရီမီယာလိဂ်ပွဲစဉ် (၁၁) မှ အစောဆုံးပွဲစဉ်ဖြစ်သည့် ဖူလ်ဟမ်နှင့် မန်ယူအသင်းပွဲစဉ်ကို နိုဝင်ဘာ ၄ ရက် ည ၇ နာရီက ယှဉ်ပြိုင်ကစားခဲ့ပြီး မန်ယူအသင်းက အသင်းခေါင်းဆောင် ဖာနန်ဒက်စ်၏ နောက်ကျသွင်း ဂိုးကြောင့် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ရှုံးပွဲဆက်မှုမှတ်တမ်းကို ချေဖျက်နိုင်ခဲ့သည်။ 


အဆိုပါ  ပွဲစဉ်ကို  ဖူလ်ဟမ်အသင်း   အိမ်ကွင်း၌   လက်ခံယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ် ၂၄၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည်။ မန်ယူအသင်းမှ တွန်မီနေး ပွဲချိန် ရှစ်မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သော် လည်းဗွီအေအာရ်ပြန်လည်ကြည့်ရှုစစ်ဆေးပြီးပယ်ဖျက်ခဲ့သည့်အတွက် မန်ယူတို့ နစ်နာခဲ့ရသည်။ 


ဖူလ်ဟမ်အသင်း၏ တုံ့ပြန်ကစားပုံကောင်းမွန်မှုကြောင့်   မန်ယူအသင်း၏   ဂိုးရရှိရေးကြိုးပမ်း အားထုတ်မှု အခက်တွေ့ခဲ့ရသည်။ နောက်ပိုင်းပွဲချိန် များတွင်   ဖူလ်ဟမ်အသင်းရော   မန်ယူအသင်းပါ အပြန်အလှန်ထိုးဖောက်      တိုက်စစ်ဆင်မှုများပြုလုပ်ခဲ့ သည်။ မန်ယူအသင်း အတွက်   တစ်လုံးတည်းသော  အနိုင်ဂိုးကို  ပွဲချိန် ပြည့်ခါနီးတွင် ပယ်လစ္စထရီ၏ ဖန်တီးမှုမှ အသင်း ခေါင်းဆောင်   ဖာနန်ဒက်စ်က   သွင်းယူပေးနိုင်ခဲ့သည်။ 


မန်ယူအသင်းသည် ယခုပွဲအနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ်  ၁၁ ပွဲ ကစားပြီးချိန်တွင် ခြောက်ပွဲနိုင်၊ ငါးပွဲရှုံး ရလဒ်ရရှိထားသည်။   
အခြားပွဲစဉ်ရလဒ်များမှာ ဘရန့်ဖို့ဒ်က ဝက်စ်  ဟမ်းကို သုံးဂိုး-နှစ်ဂိုး၊ ဘန်လေကို ပဲလေ့စ်က နှစ်ဂိုး-  ဂိုးမရှိ၊ ရှက်ဖီးက ဝုလ်ဖ်ကို နှစ်ဂိုး-တစ်ဂိုး၊ မန်စီးတီး က ဘုန်းမောက်ကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး အဲဗာတန်နှင့်   ဘရိုက်တန်တို့ပွဲမှာ   တစ်ဂိုးစီသရေ ဖြစ်ခဲ့သည်။                                              

အောင်ဇော်