ဖားကန့်မြို့နယ် လုံးခင်းအုပ်စု၌ လုပ်ကွက်ဟောင်း မြေစာပုံပြိုကျသဖြင့် အမျိုးသားတစ်ဦး မြေစာပိ၍သေဆုံး

 

ဖားကန့်  ဇူလိုင်  ၁၈


ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု   ဆိုင်းရာ ရွာသစ်ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတွင်  ဇူလိုင်   ၁၇ ရက်က ရေမဆေးရှာဖွေသူ အမျိုးသားတစ်ဦးသည် မြေစာပုံပြိုကျသဖြင့် မြေစာ ပိ၍သေဆုံးခဲ့ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။
 

ဖြစ်စဉ်မှာ   ဇူလိုင်  ၁၇ ရက် မွန်းလွဲ  ၂  နာရီခန့်က   လုံးခင်း နယ်မြေရဲစခန်းမှ စခန်းမှူးဒုရဲမှူးကျော်မြင့်နိုင်သည်     စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် ဖားကန့် မြို့နယ်        လုံးခင်းကျေးရွာ အုပ်စု    ဆိုင်းရာရွာသစ်ကျေးရွာ အနီး မနောကွင်းအနောက်ဘက် တစ် သုံးလုံး   ကျောက်မျက်တူးဖော် ရေး ကုမ္ပဏီလုပ်ကွက်ဟောင်းရှိ မြေစာပုံအဟောင်းတွင် ရေမဆေး ကျောက်ရှာဖွေနေသော    အမျိုး သားတစ်ဦး မြေစာပိသေဆုံးသဖြင့် လုံးခင်းသုသာန်သို့    ပို့ဆောင် ထားကြောင်း သတင်းအရ လုံးခင်း နယ်မြေရဲစခန်းမှ      နယ်ထိန်း ရဲတပ်ကြပ်   ဟန်တင်နှင့်အဖွဲ့ သည် ဆိုင်းရာရွာသစ် ကျေးရွာ ရာအိမ်မှူး၊   မဇွပ်ယန်ကျေးရွာ   ရာအိမ်မှူးတို့နှင့်အတူသွားရောက်   ကြည့်ရှုစစ်ဆေးခဲ့သည်။
သေဆုံးသူမှာ ဇော်လီ (၄၂နှစ်)ရပ်ကွက်(၅) လုံးခင်းကျေးရွာနေသူဖြစ်ကြောင်းသိရှိရသဖြင့် စုံစမ်း ရာ   ၎င်းမှာ   အဆိုပါ      နံနက် ၉ နာရီခန့်က   ဇော်လီတစ်ဦးတည်း မြေစာပုံဟောင်း    မျှောချောင်း အတွင်း ရေမဆေးကျောက် ရှာဖွေ နေစဉ် အမြင့်ပေ ၄၀ ခန့်မှ မြေစာ များ  ရုတ်တရက်ပြိုကျလာပြီး ၎င်းအားပိမိကာ သေဆုံးသွားခြင်း ဖြစ်၍ လုံးခင်းနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။          

နီတိုး