ပွေးတောင်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံအား ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လေ့လာနိုင်ရေး Onestop Service ပေးနိုင်ရေး တိုးချဲ့ဆောင်ရွက်မည်

နေပြည်တော် စက်တင်ဘာ ၁၄


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်       ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့် တာဝန်ရှိသူများ သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စိုက်ပျိုး ရေးဦးစီးဌာန   ဒိုးကွင်ဥယျာဉ်ခြံသို့  ရောက်ရှိကြပြီး ဆေးဖက်ဝင်သစ်ခွများ မျိုးထိန်းမျိုးပွားဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ဟင်းသီးဟင်းရွက် မျိုးစေ့ စိုက်ပျိုးထုတ်လုပ်ခြင်း၊ သုတေသနစမ်းသပ်ကွက်များ ဆောင်ရွက်ခြင်း၊       အဆင့်မြင့်စိုက်ပျိုးနည်းစနစ် ပြန့်ပွားဆောင်ရွက်နေမှုကိုလည်းကောင်း   ကြည့်ရှု စစ်ဆေးကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ သည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက   ဒိုးကွင်ဥယျာဉ်ခြံတွင်   လက်ရှိ စိုက်ပျိုးထိန်းသိမ်းထားသော  ဆေးဘက်ဝင်သစ်ခွမျိုး များကို ကန်တော်ကြီး ရုက္ခဗေဒဥယျာဉ်၌  စုဆောင်း ထားရှိသော သစ်ခွများနှင့် မျိုးဖလှယ်ရေး၊  ဒေသ သစ်ခွနှင့် ဆေးဖက်ဝင်သစ်ခွမျိုးများ မျိုးသန့်ပွားများ ထုတ်လုပ်ရေးဆိုင်ရာများကို ဆွေးနွေးမှာကြားသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီးများသည် ပွေးတောင်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံသို့ ရောက်ရှိ ကြပြီး မြန်မာနိုင်ငံကော်ဖီအသင်းမှ တာဝန်ရှိသူများ၊ ကော်ဖီစိုက်ပျိုးသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များအား တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး    ဦးတင်ထွဋ်ဦးက     ပွေးတောင်ကော်ဖီ နည်းပညာဖွံ့ဖြိုးရေးခြံအနေဖြင့် ကော်ဖီသီးနှံစိုက်ပျိုး ထုတ်လုပ်သူများ သိရှိလိုသည့် နည်းပညာပေးလုပ်ငန်း များ Onestop Service ပေးနိုင်ရေးကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ကော်ဖီစိုက်ပျိုး လုပ်ကိုင်ခွင့်ပြုထားသည့် သစ်တောဧရိယာများတွင် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုး ထုတ်လုပ်ရန်     လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးမှာကြားကြသည်။


 ၁၉၅၃ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ပွေးတောင်ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံတွင် ကော်ဖီ သုတေသနနှင့် ကော်ဖီမျိုးထိန်းမျိုးပွားခြင်း လုပ်ငန်း များကို   ဆောင်ရွက်လျက်ရှိပြီး   ကော်ဖီသီးနှံနှင့် ပတ်သက်၍   ပြည်သူများ    တစ်နေရာတည်းတွင်  လေ့လာနိုင်ကြရန်  လိုအပ်သော ပြုပြင်မွမ်းမံခြင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ  ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများသည် ပြင်ဦးလွင်မြို့နယ်    ဆင်လမ်းကျေးရွာအနီးတွင် တည်ဆောက်ထားရှိသည့် ဆင်လမ်းရေလှောင်တမံ သို့ ရောက်ရှိကြပြီး ဆည်ရေဝင်ရောက်မှု၊ တမံကြံ့ခိုင် မှုနှင့် ရေသိုလှောင်ထိန်းသိမ်းထားရှိမှုများကိုလည်းကောင်း၊ ပြင်ဦးလွင်ရှိ ပြည်သူများအတွက် နေ့စဉ် သောက်သုံးရေများကို     ဖြန့်ဝေပေးနေမှုများကို လည်းကောင်း  ကြည့်ရှုစစ်ဆေးကြရာတာဝန်ရှိသူ များက ရှင်းလင်းတင်ပြကြသည်။ 

ပြင်ဦးလွင်မြို့    ရေပေးရေးအတွက်    နေ့စဉ် ရေဂါလန် ၁ ဒသမ ၅ သန်း   ဖြန့်ဝေပေးလျက်ရှိ သည့်   ဆင်လမ်းရေလှောင်တမံကို   တမံအမြင့် ခြောက်ပေ မြှင့်တင်တည်ဆောက်နိုင်ခဲ့သဖြင့်  နေ့စဉ် ရေဂါလန်  ၂ ဒသမ ၅ သန်းအထိ တိုးမြှင့်ဖြန့်ဝေပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။              

သတင်းစဉ်