ပေါင်းစည်းစံပြ နိုင်ငံစွမ်းအား (Intergrated Ideal Power – IIP)

Type
၅

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်  ဇီးပင်ကြီးကျေးရွာအနီးမှာ တည်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး)ဟာ အစိုးရဝန်ထမ်းများအတွက် ပညာဗဟုသုတဆည်းပူးရာ နေရာကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 

 


ပြည်ထောင်စု   ရာထူးဝန်အဖွဲ့ရဲ့ လမ်းညွှန်၊ ကြီးကြပ်မှုနဲ့   နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင် ကြီး) (CSA-UM) က  နိုင်ငံ့ဝန်ထမ်းသား ကောင်းတွေကို မွေးထုတ်ပေးလျက် ရှိပါ တယ်။  ဝန်ထမ်းကောင်းမှ   နိုင်ငံကောင်း မှာဖြစ်ပါတယ်။

 

  ဝန်ထမ်းတွေလိုက်နာ ရမယ့် ကျင့်ဝတ်၊ စည်းကမ်း၊ လိုက်နာ ရမယ့်ကျင့်ဝတ်၊ တာဝန်ထမ်းဆောင်ရာ မှာ    လိုအပ်တဲ့   ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများစွာကို    CSA-UM    မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊   ကထိကများ၊ ဆရာ ဆရာမများက        အားမာန်အပြည့်၊ စေတနာ၊ ဝါသနာ၊ အနစ်နာကို  အခြေခံ ပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းအပြည့်အဝနဲ့ ရွှင်လန်းတက်ကြွစွာ   ပို့ချပေးလျက်ရှိပါ တယ်။ 

 


ဝန်ထမ်းကောင်းများဖြစ်လာစေဖို့ ပို့ချပေးလျက်ရှိ


ပြင်ပပညာရှင်များ၊    တက္ကသိုလ်၊ ကောလိပ်၊     အစိုးရဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း  CSA-UM မှာ သက်ဆိုင်ရာ သင်ခန်းစာအသီးသီးကို အားမာန်အပြည့်နဲ့   သင်ကြားပြသပေး လျက် ရှိပါ တယ်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) (ဇီးပင်ကြီး)(CSA-UM) က  သင်တန်းသား/ သင်တန်းသူတွေ ကို တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေး နဲ့ လူမှုရေးကိစ္စတွေ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် မျိုးချစ်စိတ် ပြည့်ဝတဲ့ ဝန်ထမ်းကောင်းများ ဖြစ်လာ စေဖို့ ပို့ချပေးလျက်ရှိပါတယ်။

 


ဝန်ကြီးဌာနအသီးသီးက    ဒုတိယ ညွှန်ကြားရေးမှူးချုပ်နဲ့  ရာထူးအဆင့်တူ ဝန်ထမ်း  ၂၂ ဦးအနေနဲ့   CSA-UM မှာ  ဝန်ထမ်းအဖွဲ့အစည်း ဒုတိယ အကြီးအမှူး စီမံခန့်ခွဲမှုသင်တန်း  အမှတ်စဉ်(၉) ကို   ဧပြီလ  ၂၅ ရက်နေ့ကနေ  ဇွန်လ  ၁၇ရက် နေ့အထိ  တက်ရောက်လျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်          (အထက် မြန်မာပြည်) (ဇီးပင်ကြီး) (CSA-UM) မှာ သတင်းအချက်အလက်နဲ့    ဆက်သွယ် ရေးနည်းပညာ၊   စီမံခန့်ခွဲမှုပညာရပ်များ၊ စီးပွားရေး၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ လူမှုရေး သိပ္ပံနဲ့ ဝန်ကြီးဌာနအသီးသီးရဲ့  လုပ်ငန်း တာဝန်ထမ်းဆောင်နေမှု    အခြေအနေ တွေကို    အတွေ့အကြုံရှိတဲ့    ဆရာ ဆရာမကြီးများ    လာရောက်သင်ကြား ပို့ချပေးတဲ့အတွက်   များစွာတန်ဖိုးရှိတဲ့ ဗဟုသုတတွေကို ရရှိခဲ့ပါတယ်။ 

 


ဝန်ထမ်းတွေကို     အရည်အသွေး မြှင့်တင်ဖို့အတွက် CSA-UM ဟာ ဝန်ကြီး ဌာနအသီးသီးမှ     တာဝန်ရှိပုဂ္ဂိုလ်တွေ၊ အငြိမ်းစားအရာရှိတွေ၊     သက်ဆိုင်ရာ နယ်ပယ်မှ   ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲ   ဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီရဲ့ မူဝါဒတွေနဲ့အညီ ထိရောက်တဲ့အုပ်ချုပ် ရေးစွမ်းရည်နဲ့    ကောင်းမွန်တဲ့အုပ်ချုပ်ရေး စနစ်ကို  ဖော်ဆောင်ဖို့အတွက် လိုအပ်တဲ့ ပညာဗဟုသုတတွေကို    CSA-UM    က ကျွန်တော်တို့    ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး  စီမံခန့်ခွဲမှု သင်တန်း အမှတ်စဉ်(၉)   သင်တန်းသားတွေကို ပို့ချပေးနိုင်ခဲ့ပါတယ်။ 

 


အယူအဆ(၁)ခု ဖော်ထုတ်နိုင်ခဲ့


စီမံခန့်ခွဲမှု၊ အုပ်ချုပ်ရေးနဲ့ သက်ဆိုင် တဲ့ ဘာသာရပ်တွေကို   ပါမောက္ခချုပ်နဲ့ ဒုတိယပါမောက္ခချုပ်တွေ      ကိုယ်တိုင် စိတ်အားထက်သန်စွာနဲ့   သင်တန်းပို့ချ ပေးလျက်ရှိပါတယ်။   သင်တန်းကာလ အတွင်း    ပါမောက္ခချုပ်ကြီးအပါအဝင် သင်တန်းမှ ဆရာ ဆရာမများ  ပို့ချမှုတွေ ဟာ ဆန်းသစ်တဲ့အတွေးအခေါ်၊  တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့  အတွေးအခေါ်တွေကို ပို့ချပေးနိုင်ခဲ့တဲ့အတွက်   သင်တန်းသားသင်တန်းသူတွေအနေနဲ့     (၂၁)ရာစု မြန်မာနိုင်ငံအတွက် မဟာဗျူဟာမြောက် အရေးပါတဲ့၊    ဆန်းသစ်တဲ့   ပေါင်းစည်း စံပြနိုင်ငံ့စွမ်းအား      အယူအဆ (၁)ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

 


သင်တန်းသား    သင်တန်းသူတွေ အနေနဲ့  ဌာနပေါင်းစုံ၊ နယ်ပယ်အသီးသီးမှ လာရောက်     တက်ရောက်တဲ့အတွက် သင်တန်းသား သင်တန်းသူ  အချင်းချင်း ထံမှ    နယ်ပယ်အသီးသီး၏    ဗဟုသုတ များစွာ၊ အတွေ့အကြုံများစွာကို  ရရှိခဲ့ပါ တယ်။          သင်တန်းသား    သင်တန်းသူ အချင်းချင်းအနေနဲ့လည်း     မိမိဌာန အသီးသီးရဲ့ တာဝန်တွေကို  ထမ်းဆောင် ရာမှာ  ဌာနအသီးသီး ပူးပေါင်းဆောင်ရွက် ရန် (Colleboration) ပြုလုပ်ဖို့ ကွန်ရက် ကိုလည်း တည်ဆောက်နိုင်ခဲ့ကြပါတယ်။ ဌာနအသီးသီးမှ    ဒုတိယအကြီးအမှူး အချင်းချင်းရင်းနှီးတဲ့     ဆက်ဆံရေးကို တည်ဆောက်နိုင်ခဲ့ကြတဲ့အတွက်    မိမိ တာဝန်ကို       ထမ်းဆောင်ရာမှာ      ဌာန အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊    ကွန်ရက် သဖွယ်      ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စေ့စပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေးနဲ့ ပေါင်းစပ် ဆောင်ရွက်နိုင်ရေးအတွက်  များစွာသော ရင်းနှီးမှုတွေကို ရရှိခဲ့ပါတယ်။ 

 


အမျိုးသားအကျိုးစီးပွား (National Interst) ဆိုတာက  နိုင်ငံတော်ရဲ့ လိုအပ် ချက်၊ နိုင်ငံတော်အတွင်း   မှီတင်းနေထိုင် ကြတဲ့ နိုင်ငံသားတို့ရဲ့  လိုအပ်ချက်ပဲဖြစ်ပါ တယ်။ အမျိုးသား အကျိုးစီးပွားကို  နိုင်ငံ့ စွမ်းအားများ    (National Power)   နဲ့    အကောင်အထည်ဖော်ကြရပါတယ်။ နိုင်ငံ့ စွမ်းအားဆိုတာ  နိုင်ငံတွေက မိမိတို့နိုင်ငံ ရဲ့     ပြည်တွင်း/ပြည်ပ   မူဝါဒတွေကို အောင်မြင်အောင်  အကောင်အထည်ဖော် နိုင်သော စွမ်းဆောင်ရည်ဖြစ်ပါတယ်။ 

 


နိုင်ငံ့စွမ်းအားမှာ      Soft Power ၊ Hard Power ၊  Just Power  နဲ့  Smart Power တို့ ပါဝင်ပါတယ်။   Soft Power ဆိုတာက   ထိတွေ့နိုင်တဲ့    (Tangible)ဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့  ပြည်တွင်း/ ပြည်ပ မူဝါဒတွေကို အောင်မြင်အောင် အကောင် အထည်ဖော်နိုင်တဲ့    စွမ်းဆောင်ရည်ဖြစ် ပြီး     Hard Power   ဆိုတာကတော့ ထိတွေ့နိုင်ခြင်းမရှိတဲ့        (Intangible) ဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ ပြည်တွင်း/ပြည်ပ မူဝါဒတွေကို အောင်မြင်အောင် အကောင် အထည်ဖော်နိုင်သော   စွမ်းဆောင်ရည် များ ဖြစ်ပါတယ်။ 
Smart Power ဆိုတာ  Soft Power နဲ့  Hard Power တွေကို   ပေါင်းစပ်ထား ခြင်း   ဖြစ်ပါတယ်။   တစ်နည်းအားဖြင့် မိမိတို့နိုင်ငံရဲ့ ပြည်တွင်း/ပြည်ပ မူဝါဒ တွေကို    အောင်မြင်အောင်    အကောင် အထည်ဖော်ရာမှာ  Hard Power နဲ့ Soft Power တွေကို   ကျွမ်းကျင်စွာ အသုံးချ ခြင်းပဲ ဖြစ်ပါတယ်။ Just Power ဆိုတာ က    နိုင်ငံရဲ့   အမျိုးသားအကျိုးစီးပွား ရေရှည်ထိန်းသိမ်းကာကွယ်ဖို့      Hard Power နဲ့ Soft Power တွေကို  တရား မျှတရေးဆိုင်ရာ အခြေခံသဘောတရား တွေနဲ့အညီ အသုံးပြုခြင်းဖြစ်ပါတယ်။ 

 


အုပ်စုလိုက်တင်ပြ


Soft Power ၊ Hard Power ၊ Smart Power နဲ့ Just Power တွေကို မိမိနိုင်ငံရဲ့ ပြည်တွင်း/ပြည်ပ မူဝါဒတွေကို အောင်မြင် အောင်    အကောင်အထည်ဖော်ရာမှာ ပေါင်းစပ် အသုံးပြုခြင်းဟာ  ပေါင်းစည်း စံပြနိုင်ငံ့စွမ်းအားကို        အသုံးပြုခြင်း ဖြစ်ကြောင်း      ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရဲ့    ဝန်ထမ်းအဖွဲ့ အစည်း ဒုတိယအကြီးအမှူး  စီမံခန့်ခွဲမှု သင်တန်းအမှတ်(၉)    က   ဖော်ထုတ်ပြီး အုပ်စုလိုက်တင်ပြချက်အဖြစ် ဗဟိုဝန်ထမ်း တက္ကသိုလ်    (အထက်မြန်မာပြည်)   ကို ယူဆချက်အသစ်အဖြစ်  ဖော်ထုတ်တင်ပြ နိုင်ခဲ့ပါတယ်။ 

 


ပေါင်းစည်းစံပြ    နိုင်ငံ့စွမ်းအားဟာ လက်ရှိအခြေအနေမှာ   အမိမြန်မာနိုင်ငံ တော်ရဲ့ ပြည်တွင်း/ပြည်ပ မူဝါဒတွေကို အောင်မြင်အောင်       အကောင်အထည် ဖော်ရာမှာ  အသုံးပြုသင့်တဲ့ နိုင်ငံ့စွမ်းအား တစ်ခုပဲ ဖြစ်ကြောင်း တင်ပြလိုပါတယ်။ ကျွန်တော်တို့ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)  (ဇီးပင်ကြီး) မှာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီး အမှူး စီမံခန့်ခွဲမှုသင်တန်း   အမှတ်စဉ် (၉) သင်တန်းသားများအနေနဲ့လည်း   နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီရဲ့   မူဝါဒတွေနဲ့ အညီ သင်တန်းကနေ    မိမိတို့သင်တန်း သား သင်တန်းသူတွေ  အသစ်ဖော်ထုတ် ရရှိတဲ့    ပေါင်းစည်းစံပြနိုင်ငံ့စွမ်းအား ကို    အသုံးပြုပြီး        ကျောင်းတော်ကြီးက သင်ကြားပေးလိုက်တဲ့  ပညာဗဟုသုတ တွေနဲ့  ပေါင်းစပ်လို့  နိုင်ငံ့တာဝန်တွေကို ထမ်းဆောင်ဖို့အတွက်  စိတ်အားထက် သန်လျက်ရှိကြောင်း   ရေးသားတင်ပြ လိုက်ရပါတယ်။        ။

 


ဆောင်းပါးရှင် - ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး       စီမံခန့်ခွဲမှု သင်တန်း    အမှတ်စဉ် (၉) ၊         နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ်  (အထက်မြန်မာ ပြည်)   သင်တန်းသား၊   သင်တန်းသူ များ