PENANG INVITATIONAL CHAMPIONSHIP 2023 ဂျူဒိုပြိုင်ပွဲ၌ ရွှေတံဆိပ် လေးခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် နှစ်ခု ရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာဂျူဒိုအားကစားအဖွဲ့အားကြိုဆို

 

ရန်ကုန်    ဒီဇင်ဘာ    ၁၂


မလေးရှားနိုင်ငံ    ပီနန်မြို့တွင် ဒီဇင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ကျင်းပသော PENANG  INVITA-TIONAL CHAMPIONSHIP 2023  ဂျူဒိုပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သော     မြန်မာဂျူဒိုအားကစား အဖွဲ့သည်  ယနေ့မွန်းလွဲ ၁ နာရီ ၁၅    မိနစ်တွင်     မလေးရှားနိုင်ငံ    ပီနန်မြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ     ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့် ကာယ ပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသ ကြီးဥပဒေချုပ်     ဦးဌေးအောင်၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်    ဥက္ကဋ္ဌ  ဦးထွန်းထွန်းနှင့်ဒုတိယဥက္ကဋ္ဌများ၊ အားကစားနှင့်  ကာယပညာဦးစီး ဌာန၊ အားကစားနှင့် ကာယပညာ သိပ္ပံ (ရန်ကုန်)   ကျောင်းအုပ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစား နှင့် ကာယပညာဦးစီးဌာနညွှန်ကြား ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာ နိုင်ငံ   ဂျူဒိုအဖွဲ့ချုပ်မှ  တာဝန်ရှိ သူများ၊   အားကစားနှင့်  ကာယ ပညာသိပ္ပံ  (ရန်ကုန်)       ကျောင်းမှ ကျောင်းသား   ကျောင်းသူများ၊        မိဘဆွေမျိုးများက    ပန်းစည်း များ၊    အိုးစည်      ဒိုးပတ်များဖြင့်  ရန်ကုန်       အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ဝမ်းပန်းတသာကြိုဆို ကြသည်။


အဆိုပါပြိုင်ပွဲတွင် မလေးရှား ကလပ်အသင်း ၁၀ သင်း ၊ အင်ဒို နီးရှားကလပ်အသင်း     နှစ်သင်း၊ ထိုင်းနိုင်ငံ   အခြေစိုက်   ပြင်သစ် ကလပ်အသင်း၊ စင်ကာပူအသင်း၊ ဘရူနိုင်းအသင်း၊  မြန်မာအသင်း  စုစုပေါင်း ၁၆ သင်း   ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းမှ (-၂၈) ကီလိုတန်း၊ (-၃၂)ကီလို တန်း၊  (-၇၃) ကီလိုတန်း၊ (-၆၆)ကီလိုတန်း၊  (-၂၄)   ကီလိုတန်း၊ (-၉၀) ကီလိုတန်း၊ (-၅၇) ကီလို တန်း၊(-၅၀) ကီလိုတန်းနှင့်(-၆၀)ကီလိုတန်းတို့ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ရာ (-၂၈)ကီလိုတန်းပြိုင်ပွဲတွင် အောင်ဇေထက်က      ရွှေတံဆိပ် တစ်ခု၊   (-၃၂) ကီလိုတန်းပြိုင်ပွဲ တွင် နှင်းဦးဝတ်ရည်က ရွှေတံဆိပ် တစ်ခု၊   (-၇၃)  ကီလိုတန်းပြိုင်ပွဲ တွင်  ကျော်ခန့်စိုးက  ရွှေတံဆိပ် တစ်ခု၊  (-၆၆)  ကီလိုတန်းပြိုင်ပွဲ တွင် ထက်အောင်က ရွှေတံဆိပ် တစ်ခု၊ (-၂၄) ကီလိုတန်းပြိုင်ပွဲတွင် ဘုန်းပြည့်ချမ်းသာထွန်း       က ငွေတံဆိပ်  တစ်ခု၊   (-၉၀)ကီလို တန်း ပြိုင်ပွဲတွင်  အောင်ဝေဖြိုးက ငွေတံဆိပ်  တစ်ခု၊  (-၅၇)  ကီလို တန်းပြိုင်ပွဲတွင် ငွေပုံချစ်က ကြေး တံဆိပ်တစ်ခုနှင့် (-၅၀)ကီလိုတန်း ပြိုင်ပွဲတွင်    ခိုင်ခန့်က     ကြေး တံဆိပ်တစ်ခု    ဆွတ်ခူးရရှိခဲ့ကြ ကြောင်း သိရသည်။  

 
သတင်းစဉ်