ပေါ်လယ်-ဝက်ချီပါကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတ     မြန်မာနိုင်ငံတော်အစိုးရ  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အပ်နှင်း ထားသော အခွင့်အာဏာများကို ကျင့်သုံး၍ မကွေး တိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်း ကျရောက်နေသည့်   ဧရိယာအကျယ်အဝန်း   ဧက ၈၄၀၀  ရှိသော  နယ်မြေကို   “ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော”   အဖြစ်   အမိန့်ကြော်ငြာ စာအမှတ် (၁၂၀/၂၀၂၂) အရ ၁၃၈၄ ခုနှစ်  ဝါခေါင် လဆန်း ၁၂  ရက်  (၂၀၂၂  ခုနှစ်   ဩဂုတ်  ၈  ရက်)  မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။

 


ပေါ်လယ်-ဝက်ချီပါ    ကြိုးပြင်ကာကွယ်တော ဧရိယာသည် ကာကွယ်တောအနီး ပတ်ဝန်းကျင်ရှိ  ဒေသခံပြည်သူများ၏  စိုက်ပျိုးမြေများတွင်  ရေရရှိ  နိုင်သည့်      ရေဝေရေလဲဒေသအား   ထိန်းသိမ်းရန်၊ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရန်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များ ကာကွယ် စောင့်ရှောက်ရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ခြင်းဖြစ်သည်။

 


ပေါ်လယ်-ဝက်ချီပါကြိုးပြင်   ကာကွယ်တော အတွင်း   အဖိုးတန်သစ်မျိုးများဖြစ်သော    ကျွန်း၊ ပျဉ်းကတိုး၊ အင်ကြင်း၊ ရင်းမာ၊ ထောက်ကြံ့ စသည့်  သစ်မျိုးများ၊ အင်၊ ရှား၊  တည်၊ နဘဲ၊ ဖန်ခါး၊ ဆီးဖြူ၊ ခူးသန်၊ နှော၊ လက်ပံ၊ သစ်ဖယောင်း၊ ဇောင်းပုလွေးပင် များ ပေါက်ရောက်နေပြီး ချေ၊ တောခွေး၊ တောကြောင်၊  တောကြက်၊   တောဝက်၊  ယုန်နှင့်  မျောက်  စသည့် တိရစ္ဆာန်များ၊ သစ်တောက်ငှက်၊ ငုံး၊ ခါ၊ ချိုး၊ စွန် စသည့်ငှက်မျိုးများ နေထိုင်ကျက်စားရာ ဒေသဖြစ် သည့်အပြင်    မြစ်သာမြစ်အတွင်း      စီးဝင်သော  ပေါ်လယ်ချောင်းမကြီး၏  ရေဝေရေလဲဧရိယာဖြစ် သဖြင့်  သစ်တောသယံဇာတများကို    စနစ်တကျ ထိန်းသိမ်းစီမံအုပ်ချုပ်ရန်အတွက် ကြိုးပြင်ကာကွယ် တောအဖြစ် သတ်မှတ်ကြေညာခြင်း ဖြစ်ပါသည်။


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန