ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 

ပေါက်တော  စက်တင်ဘာ   ၅ 


ရခိုင်ပြည်နယ်   ပေါက်တောမြို့နယ်၌   ကိုဗစ်-၁၉ ရောဂါ   ဒုတိယအကြိမ်  ဆက်လက်ထိုးနှံပေးခြင်းကို ပေါက်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စုရပ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ စုရပ်တို့နှင့် ကျေးလက်ကျန်းမာရေးဌာနစုရပ် ခြောက်နေရာတို့တွင် ယနေ့ နံနက် ၁၀ နာရီက စတင်ထိုးနှံပေးသည်။
ဒုတိယအကြိမ် ကိုဗစ်ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးခြင်းကို  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ   ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ  လာရောက်ကြည့်ရှု ကြသည်။ ဒုတိယအကြိမ် ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ဆေးထိုးနှံ ပေးခြင်း ဆောင်ရွက်ရာတွင် ဌာန အသီးသီးမှ ဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ     အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက လိုအပ် သည်များကို     ဆောင်ရွက်ပေး သည်။ 


တစ်ဆက်တည်းမှာပင်  ပေါက် တောမြို့နယ်ရှိ   ကျောက်တောင် တိုက်နယ်ဆေးရုံ၊    သဝင်ချောင်း ကျေးလက်    ကျန်းမာရေးဌာန၊ အလယ်ကျွန်း ကျေးလက်ကျန်းမာ ရေးဌာန၊  သပြေကန်  ကျေးလက် ကျန်းမာရေးဌာန၊ ဆင်တက်မော် ကျေးလက်     ကျန်းမာရေးဌာန၊ မြင့်ဂါ    ကျေးလက်ကျန်းမာရေး ဌာနများသို့ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက စုရပ်အသီးသီး သို့ သွားရောက် ကြီးကြပ်ခြင်းများ ကို ဆောင်ရွက်ကြလျက် ကျေးရွာ ရှိ စေတနာ့ဝန်ထမ်းများက လိုအပ် သည်များကို    ဆောင်ရွက်ပေး သည်။


ပေါက်တောမြို့ပေါ် စုရပ်များ နှင့် ကျေးလက်ကျန်းမာရေးဌာန ခြောက်နေရာတို့တွင် ဆေးထိုးရန် ရောက်ရှိလာကြသည့်    သံဃာ တော်/သီလရှင် ၄၈ ပါး၊ အသက် ၆၅ နှစ်နှင့်အထက် ၅၅၄ ဦး၊ ပုဂ္ဂလိ က ကျန်းမာရေးဝန်ထမ်း  ခုနစ်ဦး၊ နိုင်ငံ့ဝန်ထမ်း ၂၂၂ ဦး၊ ပရဟိတ/ စေတနာ့ဝန်ထမ်း ၂၁၇ ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း   ၁၁၆  ဦး၊ ဈေးသည် ၃၃၇ ဦး၊    မိုတယ်၊ ဟိုတယ်၊    တည်းခိုခန်း   ငါးဦး၊ ပုဂ္ဂလိက အလုပ်ရုံဝန်ထမ်းငါးဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း   နှစ်ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု    ၂၂၄   ဦး အပါအဝင်  စုစုပေါင်း ၁၇၃၇ ဦး လာရောက်ထိုးနှံကြကြောင်း သိရ သည်။ 

 

ကျော်သန်း(မြို့နယ်ပြန်/ဆက်)