
ပေါက်တော စက်တင်ဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် ဒုတိယနှစ်မြောက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ကျေးရွာ ငါးရွာ အား ယနေ့ နံနက် ၉ နာရီက နေ့ချင်းဆပ် နေ့ချင်းထုတ်ပေးသည့်စနစ်ဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းဝေး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ညွှန်ကြားချက်များ နှင့်အညီ ပြန်လည်ထုတ်ချေးပေးသည်။
အဆိုပါ ငွေထုတ်ချေးရာတွင် ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီမှ မြို့နယ် ကျေးရွာရန်ပုံငွေ စီမံကိန်းအကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီသို့ မတည်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပြီး မြို့နယ် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း အကောင်အထည်ဖော် ဆောင်ရေးကော်မတီက ကျေးရွာမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ သို့ ချေးငွေထုတ်ချေးပေးရန် ပြန်လည်လွှဲပြောင်းပေးအပ်ကြသည်။
ပေါက်တောမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း ဆောင်ရွက်နေသည့် ကျေးရွာများမှာ မနော်သီရိ၊ ကျောက်စု၊ ကြက် သရေ၊ သိမ်ကျောင်းမာ်နှင့် ကမ်းပိုင်ကြီးကျေးရွာများဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ ၁၉၀ ကို ၆၉၉ ဒသမ ၅ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၃၃ ဦးကို ၇၀ဒသမ ၅ သိန်း ၊ ရေလုပ်ငန်းလုပ်ကိုင်သူ ၁၁၆ ဦးကို ၂၈၁ သိန်း ၊ အရောင်းအဝယ်လုပ်ကိုင်သူ ၄၀ ကို ၁၂၃ ဒသမ ၅ သိန်း ၊ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်သူ ၅၅ ဦးကို ၇၃ ဒသမ ၅ သိန်း ထုတ်ချေးပေးပြီး စုစုပေါင်း လူဦးရေ ၄၃၄ ဦးအတွက် ၁၂၄၈ သိန်း ထုတ်ချေးပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)