
ပေါက်တော စက်တင်ဘာ ၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပုဏ္ဏားကြီးကျေးရွာအုပ်စု ငှက် ချောင်း နေရပ်စွန့်ခွာစခန်း (IDPs) နှစ်ခုတွင် ခိုလှုံနေကြသော ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ပေါက် တော မြို့နယ် ပြည်သူ့ကျန်းမာ ရေး ဦးစီးဌာနက ထိုးနှံပေး လျက်ရှိပြီး ဩဂုတ် ၃၁ ရက်တွင် အသက် ၄၅ နှစ် အထက်နှင့် အသက် ၆၅ နှစ် အထက် သက်ကြီးရွယ်အိုများအား ဆီနို ဗက်ကာကွယ်ဆေးများ ထိုးနှံ ပေးသည်။
ကာကွယ်ဆေး ထိုးလုပ်ငန်း များကို မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ က ဆောင်ရွက်ပေးကာ စခန်း အလိုက် ကာကွယ်ဆေးထိုးနှံမှုမှာ ငှက်ချောင်း (၁) နေရပ် စွန့်ခွာ စခန်းတွင် အမျိုးသား ၁၆၁ ဦး နှင့် အမျိုးသမီး ၁၃၇ ဦး၊ ငှက် ချောင်း(၂)နေရပ်စွန့်ခွာစခန်းတွင် အမျိုးသား ၁၈၅ ဦးနှင့် အမျိုး သမီး ၁၈၅ ဦးဖြစ်ပြီး အဆိုပါ စခန်းနှစ်ခုအပါအဝင် ပေါက်တော မြို့နယ်ရှိ နေရပ်စွန့်ခွာစခန်း ငါးခုတွင် ကာကွယ်ဆေးထိုးနှံပြီး သူစုစုပေါင်း ၁၄၈၀ ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရပ်စွန့်ခွာ စခန်း များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနေမှုကို ပေါက်တောမြို့နယ် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်း ထွန်းငြိမ်းနှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးသည်။
အလားတူ ပေါက်တော မြို့နယ် စိုင်းတုတ်ကျေးရွာစုရပ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ တွင် ယမန်နေ့က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသည်။ (အပေါ်ပုံ)
ကာကွယ်ဆေးထိုးရာတွင် စိုင်းတုတ်တိုက်ပွဲရှောင်စခန်းမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ကံဆိပ်ကျေးရွာ တိုက်ပွဲ ရှောင်စခန်းမှ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ နားဂွေကျေး ရွာတိုက်ပွဲရှောင်စခန်းမှ အမျိုး သမီး သုံးဦး၊ အမျိုးသားနှစ်ဦးတို့ အပါအဝင် တိုက်ပွဲရှောင်စခန်း သုံးစု စုစုပေါင်း ၆၀ လာရောက် ထိုးနှံကြောင်း သိရသည်။
ကျော်သန်း
(ပြန်/ဆက်)