ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ် ထိုးနှံ

 

ပေါက်တော   ဖေဖော်ဝါရီ   ၂၇


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် IDP စခန်းတွင် ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ အသက် ၁၈ နှစ် နှင့်အထက် ဦးတည်အုပ်စု ပြည်သူများအား သတ္တမ အသုတ် (ပထမ)အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး Covaxin (10 dose)ကို ယနေ့နံနက် ၉နာရီက ထိုးနှံခဲ့ကြောင်း သိရသည်။

 


အဆိုပါ ကြိမ်နီပြင် IDP စခန်း၌ ခိုလှုံနေကြသော ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက   စာရင်းကောက်ယူခြင်း၊   ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်စေတနာ့ဝန်ထမ်းများ က လိုအပ်သည်များ ကူညီပေးခြင်း စသည်တို့ကို ဆောင်ရွက်သည်။ ထိုသို့ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်   ပေါက်တောမြို့နယ်   ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင်   ကြီးကြပ်မှုဖြင့်   မြို့နယ်ကျန်းမာရေးဝန်ထမ်းများက   ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးကို    ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ    ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊     သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများ ကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

 


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ပထမ)အကြိမ်   ထိုးနှံ‌ပေးခြင်းကို     ယနေ့တွင် ပေါက်တောမြို့နယ်ရှိ   ကြိမ်နီပြင် lDP စခန်း၌ ခိုလှုံနေကြသော ပြည်သူစုစုပေါင်း ၁၈၃ ဦး လာရောက် ထိုးနှံခဲ့ကြကြောင်း သိရသည်။
               

 မြို့နယ် (ပြန်/ဆက်)