
နေပြည်တော် ဒီဇင်ဘာ ၃၀
ရခိုင်ပြည်နယ် ပေါက်တောမြို့ကို တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ်များ မီးလောင်နေပြီး ရမ်းဗြဲမြို့ရှိ နေအိမ်များကိုလည်း တပ်မတော် က မီးရှို့ဖျက်ဆီးနေကြောင်း တရားမဝင်မီဒီယာတစ်ခုဖြစ်သည့် Khit Thit Media က သတင်းတု၊ သတင်းအမှားများကို လူမှု ကွန်ရက် စာမျက်နှာပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။
ယင်းသတင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေအလိုက် လုံခြုံ ရေးတာဝန်ရှိသူများ၏ ပြောကြား ချက်များအရ တပ်မတော်မှ ပေါက်တောမြို့သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းမရှိကြောင်း နှင့် ရမ်းဗြဲမြို့အတွင်းရှိ နေအိမ် များကိုလည်း မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်း သိရပြီး AA သောင်း ကျန်းသူအဖွဲ့များက ပေါက်တော မြို့နှင့် ရမ်းဗြဲမြို့ပတ်ဝန်းကျင်တွင် ခိုအောင်းလှုပ်ရှားနေပြီး အခွင့်သာ သည့်အချိန်တွင် မြို့/ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဝင်ရောက်မီးရှို့ခြင်းများ လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အကြမ်းဖက်အားပေး တရား မဝင်ပြည်ဖျက် မီဒီယာများအနေ ဖြင့် AA သောင်းကျန်းသူအဖွဲ့၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်၊ တပ်မတော်အပေါ် ပြည်သူလူထုမှ အထင်အမြင် လွဲမှားစေရန်နှင့် နိုင်ငံတကာ စာမျက်နှာများပေါ် တွင် တပ်မတော်ပုံရိပ်များကျဆင်း စေရန်အတွက် ကောလာဟလ သတင်းတု၊ သတင်းအမှားများ ကို အချိန်ကိုက် ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်