ပေကျင်း၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်ရန် ဒေသခံများကို နေအိမ်များတွင် သုံးရက်ကြာနေထိုင်ရန် တိုက်တွန်း

 

ပေကျင်း   မေ   ၁၃  


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို     ထိန်းသိမ်းရန် တင်းကျပ်သည့်    ဆောင်ရွက်ချက်တစ်ခုအနေဖြင့် ပေကျင်းအာဏာပိုင်များက ဒေသခံများကို မေ ၁၃ ရက်မှစပြီး သုံးရက်ကြာနေအိမ်များတွင် နေထိုင်ကြ ရန် တိုက်တွန်းလိုက်သည်။ 
ပေကျင်းတွင် မေ ၁၂ ရက်က လက္ခဏာမပြသည့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုအပါအဝင် ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၅၀ ရှိကြောင်း ပေကျင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ဧပြီ ၂၂ ရက်မှ စကာ ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားသူ ၉၀၀ ကျော် ရှိလာပြီဖြစ်သည်။ 

 


နေအိမ်တွင်းနေထိုင်ရန်  ဆောင်ရွက်ချက်သည်  ပေကျင်းမြို့တွင်း၌ လူသွားလူလာစည်ကားများပြား ခြင်းကို လျှော့ချရန် ရည်ရွယ်သည်။  

 


စီးပွားရေးဝန်ဆောင်မှုပေးရာ   နေရာများနှင့် အစိုးရအဆောက်အအုံများသို့ ဝင်ရောက်မည့်သူများ အတွက် ၄၈ နာရီအတွင်း ကိုဗစ်-၁၉ ကင်းစင်ကြောင်း စစ်ဆေးထားသည့် ပီစီအာရ်စစ်ဆေးမှုရလဒ်များကို ပြသရမည်ဖြစ်သည်။ 
စားသောက်ဆိုင်များတွင် အစားအသောက်များမှာယူစားသောက်ခြင်းများကို   တားမြစ်ထားသည်။ မေ ၁၃ ရက်တွင် ပေကျင်းလမ်းများပေါ်တွင် လူသွား လူလာကင်းစင်လျက်ရှိသည်။ 

 


မေ ၁၂ ရက်က    ပြည်သူများသည်   အစား အသောက်များကို စုပုံဝယ်ယူရန် စတိုးဆိုင်များတွင် အလုအယက် တိုးဝှေ့နေကြသည်။ 


အင်န်အိတ်ချ်ကေ