
ပေကျင်း ဧပြီ ၁၉
ပေကျင်းမြို့ ဖန်တိုင်ခရိုင်အတွင်းရှိ ဆေးရုံတစ်ရုံ၌ ဧပြီ ၁၈ ရက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ကနဦးတွင် ခရိုင်မီးသတ်နှင့် ကယ်ဆယ်ရေးဌာနကပြောသည်။
ပေကျင်းချန်ဖန်းဆေးရုံတွင် မွန်းလွဲ ၁၂ နာရီ ၅၇ မိနစ်က မီးလောင်နေသည်ဟု မီးသတ်ဌာနသို့ ဖုန်းခေါ်ဆိုခဲ့သည်။ ထို့နောက် မွန်းလွဲ ၁ နာရီ ၃၃မိနစ်တွင် မီးလောင်မှုကို ငြှိမ်းသတ်နိုင်ခဲ့သည်။ လူနာပေါင်း ၇၁ ဦးကိုလည်း ဘေးလွတ်ရာသို့ ကယ်တင်ပေး နိုင်ခဲ့သည်။ ဧပြီ ၁၉ ရက်က ပေကျင်းမြို့ မြူနီစီပယ် သတင်းအချက် အလက်ရုံးတွင် ဆေးရုံမီးလောင်မှုနှင့်ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သေဆုံးသူဦးရေမှာ ၂၉ ဦးအထိ တိုးလာ ခဲ့သည်ဟု ကြေညာခဲ့သည်။ ဆေးရုံအကြီးအကဲအပါအဝင် လူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။ ဆင်ဟွာ