ပေကျင်း မိုးသက်မုန်တိုင်းအတွင်း သေဆုံးသူ ၃၃ ဦးနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ငါးဦး သေဆုံး

 

ပေကျင်း   ဩဂုတ်    ၉


တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းတွင် များမကြာမီက မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ပွားပြီးနောက် ဩဂုတ် ၈ ရက်အထိ မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်ရပ်ကြောင့် သေဆုံးသူ ၃၃ ဦးနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ငါးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဩဂုတ် ၉ ရက်တွင်ပြောသည်။ 


ကယ်ဆယ်ရေး    လုပ်သား တစ်ဦး    အပါအဝင်      အခြား ပျောက်ဆုံးနေသူ ၁၈ ဦး ကျန်ရှိ နေသေးကြောင်း ပေကျင်းဒုတိယ မြို့တော်ဝန်   ရွှားလင်မြောင်က  သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။ အဆိုပါ သေဆုံးသူ ၃၃    ဦးမှာ    အဓိကအားဖြင့် ရေကြီးရေလျှံမှုနှင့်   နေအိမ်များ ပြိုကျမှုကြောင့်      ဖြစ်ကြောင်း သိရသည်။ 


ဇူလိုင်   ၂၉   ရက်မှ   ဩဂုတ် ၂    ရက်အထိ      ပေကျင်းသည်  တိုင်ဖွန်းမုန်တိုင်း ဒေါ့ဆူရီကြောင့် အလွန်ပြင်းထန်သော မိုးရွာသွန်း မှုဒဏ်        ခံစားခဲ့ရကြောင်းနှင့်  ပေကျင်းမြို့၌ ထိုကဲ့သို့ မိုးရွာသွန်း မှုမှာ မှတ်တမ်းစတင် ကောက်ယူ  သည့် လွန်ခဲ့သည့် နှစ်ပေါင်း ၁၄၀ အတွင်း   အပြင်းထန်ဆုံး   မိုးရွာ သွန်းမှုဖြစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင်    ရေကြီးရေလျှံမှုများ ကြောင့်  လူပေါင်း  ၁ ဒသမ ၂၉ သန်းနီးပါး     ရေဘေးသင့်ခဲ့ပြီး ကောက်ပဲသီးနှံ         ဟက်တာ ၁၅၀၀၀  ဝန်းကျင်လည်း ထိခိုက် ပျက်စီးမှုဖြစ်ပွားခဲ့သည်။ 


ထိုကဲ့သို့     အလွန်ပြင်းထန်  သော မိုးသည်းထန်စွာရွာသွန်းမှု များကြောင့်  တောင်တန်းဒေသ များရှိ  အခြေခံအဆောက်အအုံ များ     သိသိသာသာ    ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာ ၅၀၇  ရွာ၌    ရေပေးဝေမှု    ထိခိုက်မှုရှိခဲ့ ကြောင်း၊  ကျေးရွာ  ၂၇၃  ရွာနှင့် လူနေရပ်ကွက် ၁၆ ခုမှာ လျှပ်စစ် ဓာတ်အားပြတ်တောက်မှုဖြစ်ပွား ခဲ့ကြောင်းနှင့်    ကျေးရွာ      ၃၄၂ ရွာတွင်  ဆက်သွယ်ရေး     ပြတ် တောက်မှုများ  ဖြစ်ပွားခဲ့ကြောင်း သိရသည်။    

                    
  ဆင်ဟွာ