“ပျော်ကြ ရွှင်ကြ အငြိမ့်”  ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်    ဧပြီ    ၆ 


ပြည်သူများ     အပန်းပြေစေရန်၊    ပျော်ရွှင်စေရန်နှင့်  စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန်အတွက်    မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   ဖျော်ဖြေရေးအစီအစဉ်များကို   တိုးမြှင့် တင်ဆက်လျက်ရှိရာ   “ပျော်ကြရွှင်ကြ အငြိမ့်”    ဖျော်ဖြေပွဲကို   ဧပြီ ၉ ရက်   (စနေနေ့)   ည ၈ နာရီ    သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ    ထုတ်လွှင့်ပြသမည်ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို ယုန်လေးက စီစဉ်ပြီး  ဗိုလ်ဆင့်မြန်မာ့ ဆိုင်းအဖွဲ့၏     တီးခတ်မှုနှင့်အတူ   ခေါင်းဆောင်မင်းသမီး နီနီထက် ၊   ရှေ့ထွက်မင်းသမီး  သဲဦးသစ္စာ၊    လူရွှင်တော် များဖြစ်ကြသည့် ချစ်စု၊  ဖြိုးကျော်၊ ပေါက်ကျော်၊ ပေါင်မုန့်နှင့်  ယုန်လေးတို့က  ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။

 


ထိုသို့    တင်ဆက်မှုကို  ဧပြီ  ၁၀ ရက်  (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း    National  News      အင်္ဂလိပ်ဘာသာ    သတင်း အစီအစဉ်အပြီးတွင်  ဒုတိယအကြိမ်   ထမ်မံထုတ်လွှင့်ပြသ မည်ဖြစ်ကြောင်း သိရသည်။ 
          

သတင်းစဉ်