
နေပြည်တော် မတ် ၂
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ မြန်မာနိုင်ငံ လူရွှင်တော် အသင်း(ဗဟို)၏ “ပျော်စရာအငြိမ့်” ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် မတ် ၅ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင်တော်ဒိန်းဒေါင်ကစီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး တစ်ခိုင်လုံးရွှေ အေးအေးမြင့်၊ ရှေ့ထွက်မင်းသမီး သဲဦးသစ္စာ၊ လူရွှင်တော်များဖြစ်ကြသည့် ချစ်စမ်းမောင်၊ တိုက်ဂါး၊ လူမော်နှင့် နေကျော်တို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ၂၀၂၂ ခုနှစ် မတ် ၆ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီး တွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်