
ပျော်ဘွယ် အောက်တိုဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ပျော် ဘွယ်မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများတွင် ပညာ သင်ကြားနေသော အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း ကို ယနေ့နံနက်ပိုင်းကစ၍ အမှတ်(၁)နှင့် အမှတ်(၂)အခြေခံ ပညာ အထက်တန်းကျောင်းတို့ တွင် စတင်ထိုးနှံပေးလျက်ရှိသည်။
ကျောင်းသား ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံရာသို့ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးလွင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆေးထိုး စုရပ်များတွင် ကျောင်းသား ကျောင်းသူများ ကာကွယ်ဆေး ထိုးနှံမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ပျော်ဘွယ်မြို့နယ် အနေဖြင့် ကာကွယ်ဆေးထိုးစုရပ် အဖြစ် ၁၈နေရာ သတ်မှတ်ထားပြီး အခြေခံပညာ ကျောင်းပေါင်း ၉၇ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ငါးကျောင်း၊ ကိုယ်ပိုင်ကျောင်း လေးကျောင်း၊ စုစုပေါင်း ၁၀၆ ကျောင်းမှ ကျောင်းသား ကျောင်းသူပေါင်း ၁၈၂၀၁ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သတ်မှတ်ရက်များအလိုက် ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)