PDF ဂိမ်း‌ထောင်ချောက်တွင် ကိုယ့်ကိုယ်ကိုယ် မနှစ်မိပါ‌စေနှင့် …

Type

 

စွမ်းပြည့်

 

ယခုအခါ လူငယ်အချို့တွင် PDF  ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေးဂိမ်းတစ်ခုဖြစ်သည်။ PDF  လူငယ်များက IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီးတစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်းအမျိုးအစားတစ်ခုပင် ဖြစ်ပါသည်။

 

ကစားသည်ထက် ကြော်ငြာကြည့်ရန်က အဓိက 


PDF   ဂိမ်းအများစုကို   PDF  များကပင် ရေးဆွဲ ထားခြင်းဖြစ်သည်။   ၎င်းဂိမ်းတွင်  တပ်ဖွဲ့အသွင် တစ်ခုအနေဖြင့် ပစ်ပုံ၊ ခတ်ပုံ၊ တိုက်ပွဲဝင်ပုံများကို ကနဦးသင်ပေးသည်။       တိုက်ပွဲတစ်ပွဲအတွက် ခေတ်မီသေနတ်ပုံစံများဖြင့်    ဆွဲဆောင်ထားပြီး ကျည်ဆန်အတောင့် ၄၀၊ ၅၀၊ ၆၀ စသည်ဖြင့် ကျည် အရေအတွက်တစ်ခု ပေးထားသည်၊၊    ထို့အတွက် ကျည်မလောက်ငအောင်   ဖန်တီးထားခြင်းပင်ဖြစ် သည်။ 

 


ကစားစဉ်  ကျည်ဖြည့်ရန် လိုအပ်လာသည့်အခါ ဖြည့်ရမည့်ကျည်အတွက် တက်လာသည့်ကြော်ငြာ များကို  မဖြစ်မနေကြည့်ရတော့သည်။ ကြော်ငြာ တစ်ခုကြည့်ပြီးတိုင်း ကျည် ၁၀ တောင့်ခန့် ရတတ် သည်။ လေ့ကျင့်ရေးကျည်၊ တိုက်ပွဲကျည် စသည်ဖြင့် ကျည်ကုန်မြန်အောင်  application က ဖန်တီးထား သဖြင့် ကျည်က ခဏခဏကုန်သည်။ 

 


ခဏခဏကုန်တော့ ခဏလေးမှာပင် ကျည် ပြန်ဖြည့်ရန်     ကြော်ငြာများကို    မကြည့်ချင်ဘဲ ကြည့်ရပြန်သည်။ ဥပမာ- ကစားချိန်  မိနစ် ၂၀ ဆို လျှင် ကျည်ပြန်ဖြည့်ရန် များပြားလှသောကြော်ငြာ များကြည့်ရသည်က ၅ မိနစ်မှ ၁၀၊ ၁၅ မိနစ်ခန့်အထိ ကြာတတ်သည်။     အဓိကက    ဂိမ်းဆော့ဖို့ထက် ကြော်ငြာကြည့်ဖို့က အဓိကဖြစ်နေသည်။ ကြော်ငြာ မကြည့်၍  သတ်မှတ်ထားသည့်အချိန် ပြည့်သွားပါ ကလည်း မိမိသာတိုက်ပွဲကျမည်ဖြစ်သည်။ တကယ့် လက်တွေ့မှာလည်း  တိုက်ပွဲက တိုက်လို့ကောင်း တိုင်း ကျည်က ခဏခဏဖြည့်နေရပြီး ကြော်ငြာက မပြီးနိုင်၊ မစီးနိုင် တစ်ခုပြီးတစ်ခုကြည့်နေရသည်က ဂိမ်းဖန်တီးသူတို့၏အသက်ဖြစ်သည်။ 

 


စီးပွားရေးတွက်ခြေ၊ အကြမ်းဖက်စိတ်ဓာတ်နှင့် 
ဖြားယောင်းသိမ်းသွင်းမှု 


ထို    PDF   ဂိမ်းတွင်    ပိုက်ဆံမြန်မြန်ကုန်ရန်၊ ကျည်ပြန်ဖြည့်ရန်အတွက် စီးပွားရေးသမားများက တွက်ခြေကိုက်ရန် ပြုလုပ်ထားသည်။ တစ်ချက်ခုတ်၊  နှစ်ချက်/   သုံးချက် ပြတ်သွားသည်။   တစ်ဖက်က စီးပွားရေးအမြတ်အစွန်း၊ တစ်ဖက်က အကြမ်းဖက် ပြုလုပ်၍ အစိုးရကို အကြမ်းဖက်တော်လှန်ချင်စိတ် နှင့်  အခြားတစ်ဖက်က  လူငယ်တို့၏စိတ်ဓာတ်ကို ရိုက်ချိုးလိုက်ခြင်းဖြစ်သည်။ 

 


ကြော်ငြာမှရသော ကျည်ဖြည့်ငွေဖြင့်  အကြမ်း ဖက်တော်လှန်ရေးအတွက် လိုအပ်သောလက်နက် ရိက္ခာကို ဝယ်ယူဖြည့်တင်းကြသည်ဟု သိရှိရသည်။ ကြော်ငြာကိုမူ   Google   က   ချိတ်ဆက်ပေးခြင်း ဖြစ်သည်။ ကြော်ငြာအများစုမှာ US နှင့် UK မှာသာ ရှိသည့်အတွက် ၎င်းနိုင်ငံများ၏ VPN ကို ခံထားရ ခြင်းဖြစ်သည်။    လူငယ်များကို    အကြမ်းဖက် စိတ်ဓာတ်ရိုက်သွင်း၍ ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ သွေးဆူလွယ်သော လူငယ်လူရွယ်များက ဂိမ်းဆော့ ခြင်းဖြင့် တကယ့်လက်တွေ့တွင် ဂိမ်းထဲကအတိုင်း ဖြစ်မည်ထင်ကြသည်။ 

 


ထို PDF အမည်ခံဂိမ်းများအပြင် အခြား online၊ offline ဂိမ်းများစွာလည်း ရှိပါသေးသည်။ ရုပ်ရော၊  အသံရော ကြည့်လို့ကောင်းသည့် graphic ဂိမ်းများ ရှိပါသည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲ၊ သတ်ဖြတ်မှု၊ စစ်၊ အကြမ်းဖက် စသည်ဖြင့်ဖန်တီးထားသော ဂိမ်း များသည်        ဖော်ပြပါရည်ရွယ်ချက်များကိုသာ ဖော်ဆောင်သည်၊၊ သေနတ်ပစ်ခတ်ပုံကအစ အတား အဆီးများကို လွယ်လွယ်ကူကူဖောက်ထွက်နိုင်စေ ရန် ဖန်တီးထားသည်။ 

 


ဤသည်ကပင်  လူငယ်ထုကို    ဖြားယောင်း ဆွဲဆောင်ထားခြင်းဖြစ်သည်။ မစဉ်းစားမိသူ လူငယ် များက အပြင်မှာလည်း ဂိမ်းထဲမှာအတိုင်း ဖြစ်မည် ထင်ကြသည်။ စီးပွားရေးသမားကတော့ စီးပွားရေး အမြင်ဖြင့်   ပြုလုပ်ထားခြင်းဖြစ်ပြီး  လူငယ်များ ဆော့ချင်လာအောင်၊ ကစားတတ်လာအောင် တမင် အကြံပေးတီထွင်ဖန်တီးထားသည်ကို တွေ့ရသည်။ 

 


တပ်မတော်ကိုတိုက်ရန် ဒီလောက်လွယ်နေမှ တော့       အကြမ်းဖက်စစ်သင်တန်းကျောင်းတွေ ဘယ်လိုတော့မှာလဲ၊        ဂိမ်းဆော့ပြီးတော့မှပဲ ဂိမ်းထဲမှာအတိုင်း လေ့ကျင့်ပြီး စစ်‌တိုက်လို့ရနေပြီပဲ။  အထင်နှင့်အမြင်  တလွဲကြီးဖြစ်သည်။   တကယ့် အပြင်က လက်တွေ့တိုက်ပွဲနှင့် တခြားစီဖြစ်သည်။ လက်တွေ့အပြင်မှာက    လေ့ကျင့်သည်မှအစ တကယ့်ကျည်အစစ်အမှန်နှင့် လေ့ကျင့်ကြ၊ တိုက်ပွဲ ဝင်ကြခြင်းဖြစ်သည်။ ဖုန်းထဲကဂိမ်းကဲ့သို့ ကြော်ငြာ ကြည့်ပြီးဝယ်ရသည့် ကျည်အတုများမဟုတ်သည် ကို သတိပြုရမည်ဖြစ်သည်။  ကစားကြည့်မည်ဆိုပါ ကလည်း  မိမိက အနိုင်ချည်းဖြစ်သည်။ ဘာပညာမှ လည်းမရ၊       ဘာဉာဏ်ရည်ဉာဏ်သွေးမှလည်း မတက်၊  ဘာအတွေ့အကြုံမှလည်းမရပါ။    ကျည် ခဏခဏကုန်၊  ကြော်ငြာကို ကျော်သွားခွင့်မရဘဲ ပြီးအောင်  အချိန်ပြည့်ကြည့်ရကာ   နောက်ဆုံးတွင် အကုသိုလ်များ၍ ပိုက်ဆံကုန်သည်သာ အဖတ်တင် မည်ဖြစ်သည်။ 

 


ဒုက္ခမရောက် လမ်းမှားမရောက်ကြစေရန် 
ပြောဆိုဆုံးမပညာပေးသင့် 


လူငယ်ဟူသည် စွန့်စားလိုသည်သာဖြစ်သည်။ အသစ်အဆန်းဆိုလျှင်  စမ်းကြည့် လုပ်ကြည့်ချင် ကြသည်။     မိမိအတွက်    ဘာကောင်းလာမှာလဲ၊ ဘာအကျိုးရှိမလဲ၊   ကျန်းမာရေး၊   လူမှုရေးမှအစ နောက်ဆက်တွဲဆိုးကျိုးများ ဘယ်လောက်ထိခိုက် မလဲ  မစဉ်းစားနိုင်ကြ။   ဂိမ်းသည်   စွဲတတ်သည်။ တန်ဖိုးရှိသောပိုက်ဆံများ   ဖြုန်းတီးလိုက်သလိုဖြစ် သည်။   သူများကို သတ်ရန်၊    ဖြတ်ရန်အတွက် သတ်ချင်ဖြတ်ချင်စိတ်ဖြင့်  အကုသိုလ်လည်းများရ သည်။   ဂိမ်းက   လူငယ်လူရွယ်များ၏   သတ်ချင် ဖြတ်ချင်စိတ်ကို အားပေးထားသည်။  

 


မိမိသတ်ဖြတ်လိုသော ပစ်မှတ်များကို ဒလန်၊  စစ်ခွေးစသည်ဖြင့်   သုံးနှုန်း၍   စစ်သွေးကြွစေရန် မြှောက်ပင့်ပေးထားသည်။ အရပ်သားပြည်သူများကို မည်သို့အနီးကပ် လုပ်ကြံသတ်ဖြတ်မည်လဲ၊ လုပ်ကြံ သတ်ဖြတ်ပုံလေ့ကျင့်ခန်းများလည်း    ပါဝင်သည်။ ဂိမ်းကစားနေစဉ်တွင်  အကုသိုလ်စိတ်ကအပြည့် ဖြစ်သည်။  မိဘများအနေဖြင့်   မိမိသားသမီးများ လမ်းမှားမရောက် ဒုက္ခမရောက်စေရန် အချိန်တိုင်း မှာ ဂရုစိုက်၊ ပညာပေး၊  ပြောဆိုဆုံးမနေသင့်သည် ဟုယူဆပါသည်။  အချိန်ကို   အကျိုးရှိစွာအသုံးချ တတ်ရန် ပြောဆိုသင်ကြားထားသင့်ပေသည်။ 

 


တကယ်တော့   PDF   ဂိမ်းဆော့ခြင်း၊   ဂိမ်း application ကို မိမိလက်ကိုင်ဖုန်းထဲ ထည့်သွင်း ထားခြင်းသည်        အကြမ်းဖက်အားပေးခြင်း သက်ရောက်၍  အကြမ်းဖက်ဥပဒေနှင့်   ငြိစွန်းနိုင် ပါသည်။  မသိ၍ဘဲဖြစ်ဖြစ်၊    သိ‌သော်လည်း   သတိ လက်လွတ်၍ပဲဖြစ်ဖြစ် သက်ဆိုင်ရာမှ စစ်ဆေးခြင်း နှင့်ကြုံရသည့်အခါ မလိုလားအပ်သော နောက်ဆက် တွဲဆိုးကျိုးများခံစားရနိုင်ပါသည်။   ထိုအချက်ကို လူငယ်လူရွယ်များရော၊ မိဘ၊ ညီအစ်ကို၊ မောင်နှမ များအနေဖြင့်ပါ သိရှိနားလည်ထားသင့်ပါသည်။ 

 


အမှန်တကယ်လည်း       လူငယ်များအနေဖြင့် ထိုသို့မလုပ်သင့်ပါ၊ မစမ်းသပ်သင့်ပါ၊ စွဲလမ်းစေသည့် မကောင်းသည့်အရာဖြစ်၍   ဝေးဝေးကရှောင်သင့်ပါ သည်။ လူငယ်များအနေဖြင့် ဘာလုပ်မည်လဲ၊    မိမိ အတွက်ရော၊  မိသားစုအတွက်ရော၊  အကျိုးမရှိ၊ ပတ်ဝန်းကျင်နှင့်     လူ့အဖွဲ့အစည်းကိုလည်း ကောင်းကျိုးမပေး။ ဆင်ခြင်သုံးသပ်ကြစေချင်ပါသည်။ 

 


အကျိုးထက် အပြစ်ကပိုများ 


အမှန်ကတော့ ဂိမ်းကစားသည်ဆိုသည့်နေရာ မှာ ယခုလို အကြမ်းဖက်၊ ညှဉ်းပန်းနှိပ်စက်သည့်ပုံစံ ဂိမ်းအမျိုးအစားများကို မဆိုထားနှင့်၊ ရိုးရိုးဂိမ်းများ ဆော့လျှင်ပင် အကျိုးထက် ဆိုးကျိုးအပြစ်က ပိုများ သည်ဆိုသည်ကို အတော်များများလည်းလက်ခံပြီး သားဖြစ်ပါသည်။ ဖိစီးမှုလျှော့ချရန်နှင့် စိတ်ကြည် ရန်၊  လက်ရော၊   မျက်လုံးရော၊  ဦးနှောက်ရော တစ်ပြိုင်တည်းလှုပ်ရှားရသည့်အတွက်   အလျင် အမြန် ဆုံးဖြတ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင် စွမ်း၊ သိမှုစွမ်းရည်များကို အထောက်အကူပြုသည် ဆိုသော်လည်း အပြစ်ကပိုများပါသည်။ 

 


ဘာကြောင့်ဆိုရလျှင် ဆင်ခြင်နိုင်စွမ်းအားနည်း သည့်   လူငယ်များကို     မဆော့ရမနေနိုင်အောင် သိမ်းသွင်းနိုင်စွမ်းကြောင့် တန်ဆေးလွန်ဘေးဖြစ် ကာ ဂိမ်းစွဲရောဂါရသွားစေ၍ ဖြစ်ပါသည်။ ပစ်ခတ်၊ တိုက်ခိုက်၊ သတ်ဖြတ်ကြသည့် ဂိမ်းများဆို ပိုဆိုး သည်။ ဖြူစင်သန့်ရှင်းရမည့် ကလေးလူရွယ်များ၏ အရိုးခံစိတ်တွင် အကုသိုလ်စိတ်များ စွန်းထင်းသွား သည်။ ဒေါသနှင့်  လောဘက အရောင်ဆိုးသွားသည့် အခါ  သည်းခံစိတ်နှင့်   ကိုယ်ချင်းစာ၊   သနားစိတ် နည်းလာပြီး အရာရာကို အကြမ်းဖက်ဖြေရှင်းနည်း ကိုသာ အားသန်လာကြတော့သည်။ 

 


ငြိမ်းချမ်းစွာ မဖြေရှင်းတတ်တော့ဘဲ ခက်ထန် ကြမ်းတမ်းရန် လိုလားကြပြီး ပေါင်းသင်းဆက်ဆံ ရေးမှာလည်း အခက်အခဲများရှိလာပေတော့မည်။ လူအချင်းချင်းအပေါ်တွင်     အမုန်းစိတ်ဓာတ်များ ကြီးစိုးလာတော့မည်ဖြစ်သည်။    မိသားစုအပေါင်း အသင်းများနှင့်ပါ   ဆက်ဆံရေး အားနည်းလာပြီး ပညာရေး၊ လူမှုရေးအလုပ်အကိုင်များတွင်သာမက မိမိ၏ရည်မှန်းချက်များကိုပါ  ထိခိုက်လာမည်ဖြစ်ပါ သည်။ 

 


ကြာလာလျှင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာ ရေးလည်း   ချို့ယွင်းလာမည်မှာ   သေချာလှသည်။ စိုးရိမ်လွန်ခြင်း၊ ဒေါသထွက်လွယ်ပြီး စိတ်ဓာတ်ကျ လွယ်ခြင်း၊     စိတ်အားထက်သန်မှုမရှိတော့ခြင်း၊ အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်းတို့မှာ စိတ်ရောဂါ သည်အများစုတွင်  အတွေ့ရများသည့် လက္ခဏာ များဖြစ်သည်။ ဂိမ်းစွဲ၍ စိတ်ဓာတ်ကျ၊ စိတ်ဓာတ်ကျ ၍ ဂိမ်းကစား တဝဲလည်လည်ဖြစ်ကာ ဆေးသမား၊ အရက်သမား၊ ဆေးစွဲ အရက်စွဲသို့နှယ်ဖြစ်ရသည်။

 


စိတ်ကြောင့်  ရုပ်ပိုင်းချို့ယွင်းချက်များ    ရှိလာ သည့်အခါ မျက်စိအားနည်းပြီး အမြင်အာရုံထိခိုက် ကာ   မျက်မှန်သမားများဖြစ်လာခြင်း၊ ခေါင်းကိုက် ခြင်း၊ အထိုင်များသည့်အတွက် ခါးနာ၊ လည်ပင်းနာ တတ်ကြပြီး   အ

ဝလွန်ခြင်း၊   ထမင်းမေ့ဟင်းမေ့ တစ်ခါတစ်ရံ အိပ်ရန်ပင်မေ့ကာ အစားအသောက်က မမှန်၊ အာဟာရက မျှခြေတွင်မရှိ၊ သွေးတိုးခြင်းများ အထိ ဖြစ်ပေါ်ရသည်။ 


အချုပ်အားဖြင့် ယနေ့ခေတ်လူငယ်များ PDF ဂိမ်း၊ ဗီဒီယိုဂိမ်း၊ ကွန်ပျူတာဂိမ်း စသည်ဖြင့် မိမိတို့၏ အကျိုးရှိလှသောအချိန်များကို  မဖြုန်းတီးကြဘဲ   အချိန်တန်ဖိုးကို ကောင်းစွာအသုံးချကြစေလိုပါသည်။ အားလုံးက အကျပ်အတည်းကြားတွင် ရောက်နေ သောကာလ၊ ဖိစီးမှုတစ်ခုခုကို လှုပ်ရှားရုန်းကန်ဖြေရှင်း နေကြရသည့်ကာလတွင် ကိုယ့်ကိုယ်ကိုယ်  စိတ်ကူး ယဉ် ကမ္ဘာထဲတွင် အချိန်ဖြုန်းမနေသင့်တော့ပါ။ 

 


မိမိတို့ပြုလုပ်မှုတစ်ခုခု၏ ဆိုးကျိုး၊ ကောင်းကျိုး သက်ရောက်နိုင်မှု အတိုင်းအတာပမာဏကို ဆန်းစစ် ချိန်ထိုးနိုင်စွမ်းရှိရပါမည်။ အခြားဂိမ်းများထက် PDF ဂိမ်းကမူ   ပို၍အပြစ်ကြီးပြီး   ပို၍ပေးဆပ်ရနိုင်ပါ သည်။ မိမိတို့ကြည့်လိုက်သော၊ ကစားလိုက်သော ဂိမ်းမှတစ်ဆင့်  အကြမ်းဖက်သမားများကို အားပေး သမှုဖြစ်ပြီး ၎င်းအကြမ်းဖက်များ၏ အပြုအမူကြောင့် အပြစ်မဲ့ပြည်သူများ၊ ဘုန်းကြီး ရဟန်းသံဃာများ၊ ဝန်ထမ်းများ ဘယ်လောက်သေဆုံး ဒဏ်ရာရနေကြ ပြီလဲ၊   နိုင်ငံပိုင်၊ အများပိုင်ဥစ္စာပစ္စည်းများ အဘယ်မျှ ဆုံးရှုံးပျက်စီးနေရပါပြီလဲ၊ မိမိတို့၏မိသားစု  ညီအစ်ကို မောင်နှမများရော မည်သို့အလုပ်ပျက်၊     အကိုင်ပျက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြရပါပြီလဲ။ 

 


 မိမိတို့ကိုင်ဆောင်သောဖုန်းတွင်  PDF  ဂိမ်း အပလီကေးရှင်းများ ထည့်သွင်းထားသည့်အတွက် ရှာဖွေသိမ်းဆည်းခံရသည့်အခါ  အကြမ်းဖက်ဥပဒေ အရ အရေးယူခံရနိုင်သည့်  အခြေအနေအားလုံးကို    အလေးအနက် ထည့်သွင်းစဉ်းစားရပါမည်။   ထို့ပြင်  ဘာသာရေးအရလည်း တစ်ပါးသူကို  သတ်ဖြတ်ရန် လှုံ့ဆော်အားပေးမှုတွင်    ပါဝင်မိသည့်အတွက်  အကုသိုလ်ကံနှင့်အတူ  အပါယ်လားနိုင်မည့် အခြေ အနေများ၊  ယင်းတို့ကိုလည်း  စဉ်းစားဆင်ခြင်နိုင်မှ သာ ကိုယ့်ကိုယ်ကိုယ် နှစ်ရာမရောက်ဘဲ ချစ်ရာ ရောက်မည်ဖြစ်ပါသည်။ 
မိမိစိတ်ဝင်စားမှုနှင့်အတူ ရွေးချယ်မှုမှန်ကန်ကြ စေရန်သာ စေတနာဖြင့် သတိပေးရေးသားလိုက်ရ ပါသည်။            ။