PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်လိုသူများနှင့်ပတ်သက်၍ အသိပေးထုတ်ပြန်ခြင်း

 

တိုင်းရင်းသားလူမျိုးများစွာ      မှီတင်းနေထိုင်လျက်ရှိသည့် ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံတော်ကြီးအတွက်   အချင်းချင်း သွေးစည်းညီညွတ်မှုရှိမှသာ ပြည်ထောင်စုကြီးမပြိုကွဲဘဲ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမည်ဆိုသည်ကို  အတိတ်သမိုင်းမှ  သင်ခန်းစာ များရရှိခဲ့ပြီး ဖြစ်ပါသည်။         အနာဂတ်တွင်လည်း      အလားတူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏     ကျစ်လစ်ခိုင်မာသည့် ညီညွတ်သောစုပေါင်းအားကို  ဆက်လက်ကြိုးပမ်း  တည်ဆောက်သွား ရမည်ဖြစ်ပါသည်။ နိုင်ငံရေးအရ  သဘောထားကွဲလွဲမှု၊  တိုင်းရင်းသား အရေး အရ     သဘောထားကွဲလွဲမှုများကြောင့်     ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့ရပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်ခဲ့ရပါသည်။ 

 


အကြမ်းဖက်အုပ်စုများဖြစ်သည့်    CRPH  နှင့်  NUG  တို့က နိုင်ငံတော်ကြီး  အလုံးစုံပျက်သုဉ်းရေးကို  ဦးတည်ကာ အကြမ်းဖက် သတ်ဖြတ်မှုများကို   လုပ်ဆောင်ရန်  စည်းရုံးသိမ်းသွင်းခံထားရ သူများသည်  PDF  အပါအဝင်  အဖွဲ့အစည်းအမျိုးမျိုး  အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်မှုများကို ပြုလုပ်လာခဲ့ကြပါသည်။ ထိုသို့ ဆောင်ရွက်နေမည်ဆိုပါက       နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး နှင့်     ဒီမိုကရေစီထွန်းကားရေးကို      ထိခိုက်နှောင့်နှေးစေမည်ဖြစ် ပါသည်။       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက    ချမှတ်ထား သည့်       ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက်မှ    “အရေးပေါ်ကာလဆိုင်ရာ 
ပြဋ္ဌာန်းချက်များနှင့်အညီ   ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ  လွတ်လပ်ပြီး တရားမျှတသော ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား  ဒီမိုကရေစီစံနှုန်းများနှင့်အညီ   နိုင်ငံတော်တာဝန် အား လွှဲအပ်ပေးနိုင်ရေးဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ် အရ  လည်းကောင်း၊   “စစ်မှန်၍   စည်းကမ်းပြည့်ဝသော  ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရေး”  ဟူသည့်     နိုင်ငံရေးဦးတည်ချက်အရလည်းကောင်း    စစ်မှန်၍ စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမိုကရေစီစနစ်ကို     ဆက်လက် ဖော်ဆောင်နိုင်ရေးအတွက် ပြည့်အင်အားသည်  ပြည်တွင်းမှာသာ ရှိသည် ဆိုသည့် အချက်နှင့်အညီ  ပြည်သူလူထုတစ်ရပ်လုံး  ပူးပေါင်း ဆောင်ရွက်မှသာ    အဆင်ပြေချောမွေ့စွာ   ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

 


သို့ပါ၍   PDF အပါအဝင်  အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင် ရေး  သတ်မှတ်စည်းကမ်းချက်များနှင့်အညီ   ဥပဒေဘောင်အတွင်းသို့    လက်နက်အပ်နှံပြီး    ပြည်သူ့ဘဝသို့    ပြန်လည်ဝင်ရောက်ခြင်း   ပြုမည်ဆိုပါက  ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့