PDF အမည်ခံအကြမ်းဖက်သမားများက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်အပါအဝင် သုံးဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈
PDF အမည်ခံ အကြမ်းဖက်သမား များသည်    နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန် ဆင်ခြင်တုံတရားမဲ့စွာဖြင့်  နည်း မျိုးစုံအသုံးပြုလျက်      လုံခြုံရေး တပ်ဖွဲ့ဝင်များအား  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် တိုက်ခိုက်ခြင်းများ   ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်  ၁၁  နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်   ဘုရားမဲကျေးရွာအနီး လုံခြုံရေး     ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား PDF အမည်ခံ     အကြမ်းဖက်သမား များက  ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက် ကြီး၊      လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များက    ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ    ကျေးရွာ ၏တောင်ဘက်သို့     ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ၎င်းအဖွဲ့ သည်      နည်းပညာတက္ကသိုလ် (ထားဝယ်)အတွင်းသို့ ဝင်ရောက် ကာ       ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင် အပါဝင် သုံးဦးအား အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်၍        ကျောင်း၏ အနောက်ဘက်သို့      ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း    သိရှိရ သည်။
PDF   အမည်ခံ  အကြမ်းဖက် သမားများအနေဖြင့်     စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော  ပညာရေး ဆိုင်ရာ     အဆောက်အဦများနှင့် ဆရာ  ဆရာမများကို    အကာ အကွယ်ရယူ ပစ်ခတ်တိုက်ခိုက် ခြင်းသည်    ဂျီနီဗာကွန်ဗန်းရှင်း များနှင့်      အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ      စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်ပြီး     အဆိုပါ ရာဇဝတ်မှုများအတွက်    အကြမ်း ဖက်မှုတိုက်ဖျက်ရေး    ဥပဒေ၊ ရာဇသတ်ကြီးနှင့်    သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့်    ၎င်းတို့ အပေါ်  ထိရောက်စွာအရေးယူနိုင် ရေး ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့်      ဖမ်းဆီး ခေါ်ဆောင်ခြင်းခံရသော     ဆရာ ဆရာမများအား    ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့်       အမြန်ဆုံး ပြန်လည်ကယ်တင်နိုင်ရေး   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက   အပူတပြင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက် လျက်ရှိကြောင်း     သတင်းရရှိ သည်။ 
သတင်းစဉ်