PDF အမည်ခံအကြမ်းဖက်သမားများက ရွှေဘိုမြို့နယ် မြင်းချင်းကျေးရွာရှိ မင်္ဂလာဆောင်ပွဲနှင့် သီးလုံးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဆွမ်းကျွေးအလှူပွဲကို Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

 

နေပြည်တော်   နိုဝင်ဘာ   ၉


PDF အမည်ခံ  အကြမ်းဖက်အဖွဲ့ များသည်     ၎င်းတို့အဖွဲ့အား ထောက်ခံ   အားပေးမှုမရှိသည့် မြို့နယ်များအတွင်း    စစ်ရေး ပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ် သား  ပြည်သူများ   သွားလာရာ လမ်းတံတားများ     မိုင်းထောင်   ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာ  ရပ်ကွက်၊     ကျေးရွာများသို့   လက်နက်ကြီး၊   Drop Bomp များဖြင့်  ပစ်ခတ်တိုက်ခိုက်ခြင်း နှင့်  နေအိမ်များကို  အကြောင်းမဲ့   မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်း ဖက်လုပ်ရပ်များအား လုပ်ဆောင် လျက်ရှိသည်။


ကလေးငယ်တစ်ဦးအပါအဝင် 
စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန်


ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘို မြို့နယ်     မြင်းချင်းကျေးရွာရှိ ဦးစိုးပိုင်၏   နေအိမ်၌   နိုဝင်ဘာ  ၈ ရက်တွင် မင်္ဂလာဆောင်ပွဲပြုလုပ် နေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့် တွင် PDF အမည်ခံ အကြမ်းဖက် သမားများက ကျေးရွာ၏ မြောက် ဘက်မှနေ၍ Drone များ အသုံး ပြုကာ  Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ    ဗုံးသီးကျရောက်ပေါက်ပွဲမှုကြောင့် မင်္ဂလာ ဆောင်သို့      ရောက်နေသည့်  အပြစ်မဲ့ဒေသခံပြည်သူ အမျိုးသား တစ်ဦးသေဆုံးပြီး အသက် ၁၀ လ အရွယ် ကလေးငယ်တစ်ဦးအပါ အဝင် စုစုပေါင်း ၁၆ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရ သည်။


သံဃာတော်တစ်ပါးနှင့် 
အမျိုးသမီးတစ်ဦးတို့ ဗုံးစထိမှန်  


အလားတူ       ရွှေဘိုမြို့နယ် သီးလုံးကျေးရွာရှိ       မင်းကြီး ဘုန်းတော်ကြီး  ကျောင်းတိုက်၌ နံနက် ၁၀ နာရီခန့်တွင် ဆွမ်းကျွေး ပြုလုပ်နေစဉ်    PDF အမည်ခံ အကြမ်းဖက်သမားများက Drone များအသုံးပြု၍    Drop Bomb များဖြင့်    ပစ်ချတိုက်ခိုက်ခဲ့ရာ ဗုံးသီးများ   ကျရောက်ပေါက်ပွဲမှု ကြောင့်  ဆွမ်းကျွေးအလှူပွဲသို့ ရောက်ရှိနေသည့်    သံဃာတော်   တစ်ပါးနှင့် အမျိုးသမီး တစ်ဦးတို့ ဗုံးစထိမှန်     ဒဏ်ရာများရရှိခဲ့ ကြောင်း သိရှိရသည်။


အထက်ပါဖြစ်စဉ်မှ  ဒဏ်ရာ ရရှိခဲ့သူများအား ရွှေဘိုမြို့ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် လုံခြုံ ရေးတပ်ဖွဲ့များက အကြမ်းဖက် သမားများအား   ဖမ်းဆီးရမိရေး နှင့်    နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့်    လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်