
နေပြည်တော် ဖေဖော်ဝါရီ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့ ကလေးတက္ကသိုလ်အတွင်း ရှိ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဖေဖော်ဝါရီ ၂၆ ရက်တွင် PDF အမည်ခံ အကြမ်းဖက်သမားများ က ဖမ်းဆီးရန် ကြိုးစားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီ သွားရောက်ကယ်တင်ခဲ့ရာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ၂၈၅ ဦးအား ပြန်လည်ခေါ်ဆောင် နိုင်ခဲ့သည်။
အဆိုပါ ကလေးတက္ကသိုလ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၅ ဦး တို့အား ယနေ့တွင် အနောက် မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကလေးမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ် ခန်းမ ၌ တွေ့ဆုံအားပေးစကား ပြော ကြားပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံ ကာ မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်