PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံး၊ အသက်ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်    မတ်   ၁၆


မွန်ပြည်နယ်     ရေးမြို့နယ်သို့ ဆေးကုသရန်   သွားရောက်သည့်  မော်တော်ယာဉ်  တစ်စီးအား PDF အမည်ခံ အကြမ်းဖက်သမားများ  က      လက်နက်ငယ်များဖြင့်   ပစ်ခတ်   တိုက်ခိုက်သည့်အတွက် အပြစ်မဲ့ပြည်သူများ    သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်း      သိရှိရ သည်။

 


ဖြစ်စဉ်မှာ မတ် ၁၅ ရက် နံနက်  ၈    နာရီခွဲခန့်တွင်   ရေးမြို့နယ် ကျောင်းရွာကျေးရွာနေ ဦးလွင်မိုး အေးသည်     ၎င်း၏ညီမဖြစ်သူ မဇင်မိုးအေးနှင့်      တူဖြစ်သူ မောင်အောင်ဇာနည်ဟိန်း ရှစ်နှစ် တို့နှင့်အတူ ရေးမြို့တွင် ဆေးကုသ  ရန်သွားရောက်စဉ်  ကံလှကျေးရွာ  အနီး၌ PDF အမည်ခံ  အကြမ်းဖက် သမားများက  လက်နက်ငယ်များ  ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဦးလွင်မိုးအေး တွင်  ကျည်ထိမှန်ဒဏ်ရာများရရှိ ကာ   အခင်းဖြစ်နေရာ၌   သေဆုံး သွားခဲ့ပြီး       မဇင်မိုးအေးနှင့် မောင်အောင်ဇာနည်ဟိန်း  တို့တွင် ကျည်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြောင်းနှင့်   PDF  အမည်ခံ  အကြမ်းဖက်သမားများ   သည်   ဆိုင်ကယ်များဖြင့်     စုံပဒေါက်       ကျေးရွာဘက်သို့     မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း   သိရှိရ သည်။

 


ဖြစ်စဉ်တွင်    သေဆုံးသူ၏ ရုပ်အလောင်းအား  ရေးမြို့ပြည်သူ့ ဆေးရုံသို့     ပို့ဆောင်ခဲ့ကြောင်း နှင့်   ဒဏ်ရာရ  လူနာနှစ်ဦးအား မော်လမြိုင်မြို့ရှိ     တပ်မတော် ဆေးရုံ၌   ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း      သိရှိ ရသည်။

 


အထက်ပါဖြစ်စဉ်တွင် အပြစ် မဲ့ပြည်သူများအား  အကြမ်းဖက် လုပ်ရပ်များ       လုပ်ဆောင်ခဲ့ သည့်  အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးနှင့်   ထိရောက်စွာ အရေးယူနိုင်ရေးအတွက်  လုံခြုံ ရေးတပ်ဖွဲ့ဝင်များက    လိုအပ် သည့်  စုံစမ်းဖော်ထုတ်ခြင်းများကို ဆက်လက်    ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်