
နေပြည်တော် ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ယမနေကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက ဆင်ခြင်တုံတရား ကင်းမဲ့စွာလက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ကြောင့် ကလေးငယ် နှစ်ဦးအပါအဝင် အပြစ်မဲ့ ပြည်သူခြောက်ဦး သေဆုံးပြီး သုံးဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ် ယမနေကျေးရွာအနီး လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များအား PDF အမည်ခံအကြမ်း ဖက်သမားများက ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကျေးရွာ၏အရှေ့ မြောက်ဘက်မှနေ၍ လက်လုပ် စိန်ပြောင်းများ၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမား များသည် ကျေးရွာ၏ အရှေ့ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး အကြမ်းဖက်သမား များထံမှ အလောင်းနှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်း ရမိခဲ့သည်။
အကြမ်းဖက် သမားများ၏ ဆင်ခြင်တုံတရား ကင်းမဲ့စွာ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ငါးနှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ်နှစ်ဦး အပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦးဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကာ ကျေးရွာ အတွင်းရှိ အခြေခံပညာမူလတန်း (လွန်) ကျောင်းအတွင်းရှိ စာသင် ဆောင် အဆောက်အအုံ နှစ်လုံးမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိ ခဲ့သည့် အပြစ်မဲ့ပြည်သူများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ဆက်လက် ဆေးဝါး ကုသနိုင်ရေးအတွက် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
အထက်ပါဖြစ်စဉ်မှ အပြစ်မဲ့ ပြည်သူများအား သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရရှိသည်အထိ လုပ်ဆောင် ခဲ့သော အကြမ်းဖက်သမားများ အား ဥပဒေနှင့်အညီ ထိရောက် စွာ အရေးယူနိုင်ရေးနှင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်