PDF အမည်ခံ အကြမ်းဖက်သမားများက ရွှေဘိုမြို့နယ် ပန်းရံကျေးရွာရှိ မင်္ဂလာဆောင်ပွဲအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ နှစ်ဦး သေဆုံးကာ အသက် ၇ နှစ်အရွယ်ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိ

 

နေပြည်တော်  ဒီဇင်ဘာ  ၅


PDF     အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  ၎င်းတို့အဖွဲ့အား ထောက်ခံအားပေးမှုမရှိသည့် မြို့နယ်များအတွင်း      စစ်ရေးပစ်မှတ်မဟုတ်သည့်     အပြစ်မဲ့အရပ်သား  ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊  နေထိုင်ရာ ရပ်ကွက်၊       ကျေးရွာများသို့ လက်နက်ကြီး၊  Drop Bomp များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခြင်း  စသည့်အကြမ်းဖက်လုပ်ရပ်များအား   လုပ်ဆောင်လျက်ရှိသည်။


Drop Bomb များဖြင့်တိုက်ခိုက်


ထိုသို့  လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး     ရွှေဘို မြို့နယ်  ပန်းရံကျေးရွာရှိ  ဦးလင်း မောင်၏   နေအိမ်၌     ဒီဇင်ဘာ ၄    ရက်တွင်     မင်္ဂလာဆောင်ပွဲ ပြုလုပ်နေစဉ်  မွန်းလွဲ ၃ နာရီခွဲခန့် တွင် PDF  အမည်ခံ   အကြမ်းဖက် သမားများက     ၎င်းကျေးရွာ၏ တောင်ဘက်  မီတာ ၃ဝဝဝ ခန့် အကွာရှိ    ကျောက်မြင့်ကျေးရွာ ဘက်မှနေ၍ Drone များ အသုံးပြု ကာ  Drop Bomb များဖြင့် ပစ်ချ တိုက်ခိုက်ခဲ့သဖြင့်   ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာ   မင်္ဂလာဆောင်သို့ ရောက်နေသည့်    အပြစ်မဲ့ဒေသခံ ပြည်သူ  အမျိုးသမီးနှစ်ဦး  သေဆုံး ပြီး အသက် ၇ နှစ်အရွယ် ကလေး ငယ်နှစ်ဦးအပါအဝင်     စုစုပေါင်း ၁၃ ဦး   ဗုံးစထိမှန်   ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။


လုံခြုံရေးဆောင်ရွက်


အထက်ပါဖြစ်စဉ်မှ  ဒဏ်ရာ ရရှိခဲ့သူများအား      ရွှေဘိုမြို့ ပြည်သူ့ဆေးရုံသို့       ပို့ဆောင် ဆေးကုသမှု        ခံယူစေလျက်ရှိ ကြောင်း၊ PDF အမည်ခံ  အကြမ်း ဖက်     သောင်းကျန်းသူများ၏ လူမဆန်သော    လုပ်ရပ်များကို ဒေသခံ       ပြည်သူများအနေဖြင့် လွန်စွာ        မုန်းတီးရွံ့ရှာလျက်ရှိ ကြောင်းနှင့်  လုံခြုံရေးတပ်ဖွဲ့များ က     နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့်     လုံခြုံရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။      

သတင်းစဉ်