
နေပြည်တော် ဧပြီ ၅
CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ကျွဲဆည်ကန်(၁)လမ်းနှင့် ရန်ကုန် - မန္တလေးလမ်းမကြီး လမ်းထောင့်ရှိ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ဒေသခံပြည်သူနှစ်ဦးသေဆုံးပြီး ကိုးဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား နှစ်ဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ဆိုင်ကယ်တစ်စီးဖြင့် ကျွဲဆည်ကန်(၁)လမ်းအတိုင်း အနောက် မှ အရှေ့ဘက်သို့မောင်းနှင်ပြီး မဟာအောင်မြေမြို့နယ် ကျွဲဆည်ကန်(၁)လမ်းနှင့် ရန်ကုန်- မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့် ရက်စက်ယုတ်မာစွာ ပစ်ခတ်တိုက်ခိုက် ခဲ့သောကြောင့်
ရုံးအတွင်းရှိ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ဝန်ထမ်း လေးဦးနှင့် ဒေသခံပြည်သူ ငါးဦးတို့ ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါ ဗုံးစထိမှန်ဒဏ်ရာရရှိသူများအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထုနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် နိုင်ငံ့အကျိုး တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းကောင်း များနှင့် အပြစ်မဲ့ပြည်သူများကို ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်နေမှု များအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဒေသတွင်း တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း ကာကွယ်သွားကြရန် သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်