PDF အမည်ခံ အကြမ်းဖက်သမားများက အေးချမ်းစွာ ခရီးသွားလာနေသော ခရီးသည်တင် မော်တော်ယာဉ်အား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့

 

နေပြည်တော်   ဧပြီ     ၅
CRPH ၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဧပြီ ၄ ရက်တွင် ဘီးလင်းမြို့နယ်အတွင်း အေးချမ်းစွာ ခရီးသွားလာနေ သော ခရီးသည်တင်ယာဉ်အား အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ခရီးသည် တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်စဉ်မှာ ရန်ကုန်မြို့မှ ရေးမြို့သို့  ပြေးဆွဲနေသော ယာဉ်မောင်း ဦးဇေယျာလင်း မောင်းနှင်သည့် အောင်ကျော်မိုး ခရီးသည်တင်ယာဉ်သည် သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့ ထွက်ခွာလာစဉ် ဧပြီ ၄ ရက် ည ၉ နာရီခန့်တွင်  မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဒေါင်းရွာကျေးရွာအနီး ရန်ကုန် - မော်လမြိုင်  ပြည်ထောင်စုကားလမ်းပိုင်း  မိုင်တိုင်အမှတ် ၁၃၁/၁ နှင့် ၁၃၁/၂ ကြား  နေရာသို့အရောက်၌ CRPH ၊ NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက ခရီးသည်တင်ယာဉ် အား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုသို့  အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ယာဉ်ပေါ်တွင်  လိုက်ပါလာသည့်   အပြစ်မဲ့  ခရီးသွားပြည်သူ အမျိုးသား တစ်ဦး သေဆုံးပြီး  အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး တို့တွင်   ဒဏ်ရာများရရှိခဲ့ကြောင်း၊   အဆိုပါ ဒဏ်ရာရရှိသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ က သထုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
CRPH ၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာ လျက်ရှိသည့် အပြစ်မဲ့ပြည်သူများ၏ အသက်အန္တရာယ် ထိခိုက်သေကျေ နိုင်သည်အထိ   ဆင်ခြင်တုံတရားမဲ့စွာ  ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့်      အပြည်ပြည်ဆိုင်ရာ     ဥပဒေတို့အရ စစ်ရာဇဝတ်မှု( War Crime) ကျူးလွန်ခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများ ကလည်း ၎င်းတို့၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့်    လုံခြုံရေးတပ်ဖွဲ့ဝင် များက အဆိုပါ အကြမ်းဖက်သမားများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီး ရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                                                       သတင်းစဉ်