PDF အမည်ခံ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့သည့် ပုလဲမြို့နယ်  အင်မထီးကျေးရွာမှ ရွာသူ/ရွာသားများအား သွားရောက်တွေ့ဆုံအားပေး၊ လိုအပ်သည်များ ထောက်ပံ့ပေးအပ်

 

 

နေပြည်တော်  ဇန်နဝါရီ   ၃၁ 
စစ်ကိုင်းတိုင်းဒေသကြီး      ပုလဲ မြို့နယ်    အင်မထီးကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)   တပ်ဖွဲ့ဝင် များ၏ စခန်းနှင့်  ကျေးရွာအနီး တစ်ဝိုက်သို့   ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းတွင်    PDF   အမည်ခံ အကြမ်းဖက်သမားများက  ရွာ၏ တောင်ဘက်နှင့်   အရှေ့တောင် ဘက်တို့မှ အင်အားအလုံးအရင်း ဖြင့်  ချဉ်းကပ်လာရာမှ ပြည်သူ့စစ် (ဌာနေ)      တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ   ဖြစ် ပွားခဲ့ပြီး   အကြမ်းဖက်သမားများ က      ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွား ခဲ့ကြောင်း သိရှိရသည်။  
ဖြစ်စဉ်မှာ    PDF    အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့၏     အကြမ်းဖက်လုပ်ရပ် များတွင်            ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့သော်လည်း   အင်မထီး ကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များက   ပူးပေါင်းပါဝင်ခြင်း မရှိသဖြင့်     ဇန်နဝါရီ   ၃၀ ရက် ညနေ ၅ နာရီခန့်တွင်      ချောင်း မြောင်း    ပစ်ခတ်တိုက်ခိုက်ခြင်း များ ပြုလုပ်လာခဲ့ရာ   ပြည်သူ့စစ် (ဌာနေ)         တပ်ဖွဲ့ဝင်များက   ပြန်လည်ခုခံ    တိုက်ခိုက်သဖြင့်    အပြန်အလှန်   ပစ်ခတ်တိုက်ခိုက် မှုများ  ဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားနေစဉ်  ကျေးရွာ အနီး လုံခြုံရေးတာဝန်   ထမ်း ဆောင်နေသည့်   လုံခြုံရေးတပ်ဖွဲ့ ဝင်များက  ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များနှင့်            သွားရောက် ပူးပေါင်း၍   အကြမ်းဖက်သမား များကို    ချေမှုန်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ     အထိနာ ခဲ့ပြီး ကျေးရွာကို  မီးရှို့ထွက်ပြေး သွားခဲ့သဖြင့် ကျေးရွာရှိ နေအိမ် ၂၀၀ ခန့်  မီးလောင်ပျက်စီးခဲ့ကြောင်း နှင့်     လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်     ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 
ထို့အပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်တွင်လည်း ပုလဲမြို့နယ်နှင့် ပတ်ဝန်းကျင်နယ်မြေများအတွင်း အပြစ်မဲ့ပြည်သူများအား  ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများနှင့် ဆေးရုံ/ဆေးခန်းများအား မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် ပကဖ အမည်ခံ အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်  လှဆွေ(ဘ) ဦးဖိုးကျော်ကို  အဆိုပါ အင်မထီးကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာရှိ ဦးနှောက်ကျေးရွာတွင် ဖမ်းဆီး ရမိခဲ့သည်။  
အဆိုပါ PDF အမည်ခံအကြမ်းဖက်သမားများ မီးရှို့ခဲ့သည့် အင်မထီးကျေးရွာသို့ ယနေ့မွန်းလွဲပိုင်း တွင် စစ်ကိုင်းတိုင်းဒေသကြီးဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့်အဖွဲ့ဝင်များက သွားရောက်၍   ကျေးရွာသူ/  ကျေးရွာသားများကို  ကျေးရွာစာသင်ကျောင်း၌ တွေ့ဆုံအားပေးစကား ပြောကြားပြီး ဆန်၊ ဆီ၊   စားသောက်ဖွယ်ရာများ၊ အသုံးအဆောင်ပစ္စည်းများ၊   ထောက်ပံ့ငွေများနှင့် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက    လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး  ကျေးရွာသူ ကျေးရွာ သားများကို  နေအိမ်များတွင် အေးချမ်းစွာပြန်လည် နေထိုင်နိုင်ရန် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု  လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်   ဖြစ်ကြောင်း သိရသည်။ 
NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ နေရာဒေသအချို့၌    အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လုပ်ကိုင်လျက်ရှိသည့်အပြင်   ၎င်းတို့နှင့် ပူးပေါင်းပါဝင်ခြင်းမရှိသည့် ကျေးရွာများနှင့် အဆိုပါ ကျေးရွာများမှ   ပြည်သူ့စစ်(ဌာနေ)  တပ်ဖွဲ့ဝင်များ   ကိုလည်း       ချောင်းမြောင်း     တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။    ထိုသို့    အကြမ်းဖက် လုပ်ရပ်များကို မကြာခဏ  ကျူးလွန်လုပ်ဆောင်၍ လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့်ဆောင်ရွက် လျက်ရှိသဖြင့်    လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်   ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိစေရေးတို့အတွက်   နယ်မြေခံပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။      
 သတင်းစဉ်